83[U&Z]

3.6K 425 2
                                    

[Unicode]

သတ်ဖို့? ဖေးပိုင် နောက်နေတယ်လို့သာ နင်မုန့် တွေးမိလိုက်သည်။ သို့သော်ငြား....

ချီရှန် : [ဖေးပိုင် စိတ်လျော့!]

စုယွဲ့ : [အဲ့လူကလည်း စုထျန်းထျန်း လှည့်စားတာကို ခံလိုက်ရတာ။ သူ့သတ်တာက မှန်တဲ့လုပ်ရပ် မဟုတ်ဘူး]

ဖေးပိုင် : [ဒါဆိုလည်း စုထျန်းထျန်းကို သတ်မယ်]

"???"

နင်မုန့် : [ရှင်တို့ နောက်နေကြတာ မလား]

ချီရှန် : [ဟေး စိတ်ကိုလျော့ထား ဖေးပိုင်။  ငါတို့ဘက်က ဘာမှမလုပ်တောင် လုပ်ပါတယ်ဆိုပြီး အခုတောင် စွပ်စွဲခံနေရတာ တကယ်လို့သာ စုထျန်းထျန်း သေသွားခဲ့ရင် ဒီ နုံအတဲ့မိန်းမကို အင်တာနက်က လူတွေက ပိုပြီး မဟုတ်တာတွေ ပြောလာကြတော့မှာ]

ဖေးပိုင် : [ဒါဆိုလည်း သူတို့အကုန်လုံးကို ငါသတ်မယ်]

နင်မုန့် : [...]

စုယွဲ့ : [ဟဲ့ကောင် ဒါက အင်တာနက် ပေါ်က စကားတွေကွ။ အင်တာနက်ပေါ်က လူ‌တိုင်းကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စိတ်အေးအေးထားပြီး မဒမ်ရဲ့ စကားကိုပဲ ‌နားထောင်ကြတာပေါ့]

ချီရှန် : [ဟေး! ငတုံးမ တစ်ခုခုပြောဦး! မြန်မြန်‌!]

"!!!"

လည်ပင်းကို ရှင်းလိုက်ပြီးနောက် စာတွေကို နင်မုန့် ကြည့်လိုက်သည်။ သနားစရာ ကောင်းလိုက်တဲ့ ငါလေး မသိရင် စွမ်းအားရှိ မကောင်းဆိုးဝါး ဗီလိန်တွေရဲ့ သားရဲတွင်းကို ဝင်လိုက်မိသလိုပဲ။

တုန်လှုပ်ရင်းနဲ့ပဲ နင်မုန့် စာအမြန်ရိုက်လိုက်သည် : [ဘယ်သူ့ကိုမှ သတ်ဖို့ မလိုအပ်ဘူး]

ဖေးပိုင် : [သိပြီ]

စုယွဲ့ : [ဒါဆိုလည်း postကို ဖျက်ပေးဖို့ moderatorတွေကို တိုင်ကြားလိုက်ဦးမယ်]

ချီရှန် : [ငါ အကောင့်ဖွင့်ပြီး သွားပြီ။ ငါအခုပဲ သွားပြီး မီးမြှိုက်ပစ်မယ်....ဒါပေမယ့် နေပါဦး ဘယ်ရောက်သွားတာလဲ အဲ့လင့်က]

နင်မုန့် : [...]

ပထမဆုံးအနေနဲ့ groupထဲမှာ နင်မုန့် နဲ့ ချီရှန် စကားနာ မထိုးခဲ့ကြပေ။ ဖုန်းကို အောက်ချလိုက်ဖို့ လုပ်ရင်ပဲ နောက်ထပ် ဆွေးနွေးပွဲတစ်ခု WeChat Groupထဲ ထပ်လာကြသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now