58[U&Z]

4K 548 9
                                    

[Unicode]

"ကျွန်မပြောတာ နားထောင်ပါဦး။ သူတို့အကုန်လုံးက ကျွန်မအတွက် ဘာမှ မဟုတ်ဘူး! ရှင်ကသာ ကျွန်မရဲ့ တစ်ယောက်တည်းသော idolပဲ!" နင်မုန့် စိတ်လှုပ်ရှားစွာပဲ ပြောလိုက်၏။

"....."

ချီရှန်က တဝက်တပျက်သာရှိတဲ့ အသံသွင်းထားတာကို ပို့လာတယ်ဆိုပေမယ့်လည်း နင်မုန့် ထေ့ငေါ့ပြောထားတယ် ဆိုတာတော့ ဟော်ပေ့ချန် တပ်အပ်ပြောနိုင်၏။ အံ့ဩစွာပဲ နင်မုန့်ရဲ့ ကိစ္စသေးသေးလေး‌အပေါ် စိတ်လှုပ်ရှားနေသည့်ပုံစံက ဟော်ပေ့ချန်ကို ပျော်ရွှင်မှုပေး၏။

ဟော်ပေ့ချန်က သူမကို စိတ်ဆိုးသည့်အရိပ်အယောင် မမြင်တော့တဲ့အခါမှ နင်မုန့် သက်ပြင်းချလိုက်သည်။

"တကယ်တော့ ကျွန်မရှင်နဲ့ စီးပွားရေး ကိစ္စလေး ပြောချင်လို့။ ပိုက်ဆံအများကြီး ပြန်ရနိုင်မယ့် အခွင့်အရေး ရှင့်ကိုပေးမယ်"

ဟော်ပေ့ချန် မျက်ခုံးတို့ ပင့်တက်သွားသလို ချက်ချင်းဆိုသလို နင်မုန့်က သူ့ဆီ ပိုက်ဆံချေးဖို့ ကြိုးစားနေမှန်း သဘောပေါက်လိုက်၏။

"ဘယ်လောက်လိုတာလဲ"

"သန်း၅၀!"

ဟော်ပေ့ချန် ခေါင်းတညိမ့်ညိမ့်လုပ်ရင်း အဖြေပေးမယ် လုပ်လိုက်ရင်ပဲ နောက်ထပ် messageတစ်ခုက ရောက်လာတာမို့ အရင်ဖွင့်ကြည့်လိုက်သည်။

"ဘော့စ် ကြားပြီးပြီလား။ သူမရဲ့ စကားချိုချိုလေးတွေကြားမှာ လှည့်စား မခံရနဲ့နော်! ပြီးတော့ အဲ့မိန်းမက ရုပ်ရှင်တစ်ကားမှာ ရင်းနှီးမြှုပ်နှံဖို့ လုပ်နေတာရော ဘော့စ် သိပြီးပြီလား။ သန်း၁၀၀ကို အမှိုက်တစ်ခုလို သုံးချလိုက်တာ ယုံတောင် မယုံနိုင်ဘူး! Lemon Entertainmentမှာ ရှယ်ယာဝယ်ထားတဲ့ လူတွေထဲက တစ်ယောက်က ကျွန်တော့်ကို ပြောပြထားတာ။ သူတို့ကိုအခုဆို Entertainment နယ်ပယ်တစ်ခုလုံးက ဟားတိုက်နေကြပြီ! အဲ့ဇာတ်လမ်း ရုံတင်ပြပြီးတာနဲ့ ဖြစ်လာမယ့် သူတို့ရဲ့ကျရှုံးမှုကို လူတိုင်းက စောင့်ကြည့်နေကြပြီ!"

ပြီးနောက်မှာတော့ ဒုတိယ အသံဖိုင် ထပ်ထွက်လာသည်။

"စစချင်းတုန်းက ကျွန်တော် ကိုယ်တိုင်လည်း ပေါက်ပေါက်ဆုပ်လေး စားရင်း သူတို့ရဲ့ ကျဆုံးမှုကို ထိုင်ကြည့်ဖို့ စိတ်ကူးထားတယ်ဆိုပေမယ့် နောက်တော့ ထပ်တွေးကြည့်လိုက်တယ်။ သူတို့တွေ နောက်ပိုင်း ဒေဝါလီသာခံရရင် သေချာပေါက် သူမက ဘော့စ်ကို လာရှာမှာဆိုတော့ ခနနေလောက်ကျရင် ဘော့စ်ကို သူမ တစ်ခုခုလာပြောဦးမယ်ထင်တယ်"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Onde histórias criam vida. Descubra agora