129[U&Z]

2.4K 266 5
                                    

[Unicode]

အခန်းက ပို၍အေးစက်လာသလို ချီရှန် ခံစားလိုက်ရတဲ့ အခါ သူ တခုခုများ မှားပို့မိလိုက်တာလား ဆိုသောစိတ်ဖြင့် ရင်ဘတ်ကို ပွတ်ရင်း ကိုယ့်ကိုကိုယ် နှစ်သိမ့်ပေးလိုက်သည်။

သူ့နှလုံးသားက အရိုင်းဆန်စွာ လှုပ်ရှားလာတဲ့အခါ ဟော်ပေ့ချန် မတ်တပ်ရပ်လိုက်သည်။ သူ မတ်တပ်ရပ်လိုက်တာနှင့် အခန်းထဲမှ အမျိုးသားသုံးယောက်လုံး ပို၍ သတိအနေအထား ဆွဲကပ်သွား၏။ အချိန်မရွေး လူတစ်ယောက်ကို ဝါးမျိုလိုက်နိုင်သည့် ပုံဖြစ်နေသော သူတို့ ဘော့စ်နားကို တစ်ယောက်မှ မကပ်ရဲကြပေ။

ဟော်ပေ့ချန်က သူတို့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ စုယွဲ့က အရိပ်အမွက် ဖမ်းမိသွားတာမို့ မျက်မှန်ကို ပင့်တင်းလိုက်ရင်း အားတင်းကာ ပြုံးလိုက်သည်။

"ဘော့စ် တကယ်လို့ ကျွန်တော်တို့ သုံးယောက်လုံး အပြစ်ပေးခံရမယ်ဆို ကုမ္ပဏီကို နောက်ကျမိတာလေးပဲ ရှိတာပါ။ ဘော့စ်ရဲ့ နှလုံးသားလေးထဲမှာ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ နေရာလေး ရှိနိုင်မလား?"

ချီရှန်က အလျင်အမြန်ပဲ ဆက်ပြောလိုက်သည်။ "ဟုတ်ပါတယ် ဘော့စ်။ အနာဂတ်မှာ ပိုပြီး အလုပ်ကြိုးစားပါ့မယ်လို့ ကျွန်တော် ဘော့စ်ကို ကတိပေးပါတယ်!"

ဖေးပိုင်ကလည်း တစ်စုံတခုကို ပြောဖို့ ကြိုးစားလိုက်သည်။ "ကျွန်တော်လည်း...လူတွေကို ပိုပြီး သေသေချာချာ ‌သတ်ပေးပါ့မယ်"

"…"

ဟော်ပေ့ချန်က ရှည်သွယ်တဲ့ လက်ချောင်းတွေနဲ့ necktieကို ခပ်ကြပ်ကြပ် ပြန်ချည်လိုက်ပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။ "မှန်ပါတယ်"

ပြီးနောက်မှာတော့ ရုံးခန်းထဲက ထွက်သွားဖို့ ခြေလှမ်းကို ပြင်လိုက်ပြီး "မင်းတို့ အကုန်လုံး ကလပ်ကို တစ်ချိန်တည်း မသွားနိုင်မှတော့ လေ့ကျင့်ရေးဆင်းဖို့ ပြန်သွားရမှာပေါ့"

"!!"

ဟော်ပေ့ချန် အောက်သို့ ဆင်းလိုက်ပြီး ကားဆီသို့ တန်းသွားလိုက်ကာ သူ့ကို အိမ်ပြန်ပို့ပေးရန် driverကို ပြောလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora