[Zawgyi]
သူက ငါ့အဖေအရင်းတဲ့လား?
နင်မုန့်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားလေပြီ။ သူမ ခေါင်းထဲမှာ လက်ရှိပေါ်လာသော အကြောက်တရားတို့ကို အကောင်းဆုံး ဖိနှိပ်နိုင်အောင် ကြိုးစားနေလိုက်သည်။
"ဟိုင်း ယောက်ျား။ ကျွန်မ ရှင့်ကိုတရက်ပဲ မတွေ့ရသေးတာတောင် ဒီနေ့ပိုပြီး ပိုပြီး ကြည့်ကောင်းနေတာပဲ! ရှင့်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံနဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပုံစံကို ကြည့်ပါဦး! ရှင်က တကယ်ကို မိန်းမတိုင်းရဲ့ အိမ်မက်ထဲက မင်းသားလေးပဲ! ကျွန်မရဲ့ idolကြီးရှင့် ဘာကြောင့်အခုလောက်ထိ ခန့်ညားနေရလဲဆိုတာ ပြောပြနိုင်မလားဟင်?"
"..."
"မဒမ်! ဒီကို ဘာလာလုပ်တာလဲ?!" နင်မုန့် ထွက်လာခဲ့သော အခန်းကိုကြည့်လိုက်ပြီးနောက် ဖြစ်ပေါ်လာသော ဒေါသတို့ကို ဖိနှိပ်ထားရင်း ချီရှန် မေးလိုက်သည်။
ဟော်ပေ့ချန်အား နင်မုန့် တချက်လောက် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ "ကျွန်မ အခန်းမှား ဝင်သွားတာထင်တယ်။ ဒီ ချွတ်အကကြီးကို ဘယ်သူများ ကြည့်နိုင်မလဲ သိချင်မိတယ်! ဒါကတော်တော်ကို မသင့်တော်လိုက်တာ! ယောက်ျား ပြန်ကြရအောင်။ ရှင့်မျက်လုံးကို ဒီလို မသင့်တော်တဲ့အရာတွေနဲ့ အညစ်ညမ်း မခံပါနဲ့!"
"..."
သူမ ပြောလိုက်တဲ့အကြောင်းအရာတွေကို သူတို့ယုံကြည်ပါ့မလားဆိုတာ နင်မုန့် ဂရုစိုက်လိုက်သည်။ သူမ အခုလုပ်ချင်သည့်အရာကား ယခုနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားခြင်းသာ ဖြစ်၏။
ကံမကောင်းစွာပင်…
"မုန့်မုန့် showကြည့်လို့ ပြီးသွားတာလား? မြန်လိုက်တာ"
နင်မုန့် လှည့်လိုက်သည့်အချိန်တွင် နင်ဝမ့်ထောင် အသံအား ကြားလိုက်ရလေ၏။
"ဘယ်လိုထင်လဲ? မဆိုးဘူး မလား? သူ့ခါးက...အယ်? မုန့်မုန့် မျက်လုံးက ဘာဖြစ်နေတာလဲ?"
နင်မုန့်သည် သူ့အား မျက်ဝန်းတို့ဖြင့် အလိုက်သိအောင် အချက်ပြနိုင်ဖို့ ကြိုးစားခဲ့သည်။ ရုတ်တရက်ပင် သွေးကြောတလျှောက် အေးစက်သွားသလို တောင့်တင်းသွားလေတော့၏။ အလိုက်မသိတဲ့လူက နောက်တကြိမ် သူမကို ထပ်ပြီး ပြဿနာထဲ ဆွဲခေါ်ပြန်ပြီပဲ။
![](https://img.wattpad.com/cover/236618437-288-k217865.jpg)
KAMU SEDANG MEMBACA
[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ
RomansaTitle-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story and i'm just a translator who love this novel. I give all credit to ORIGINAL AUTHOR 'Young Master Yan'