160[U&Z]

1.8K 200 1
                                    

[Unicode]

နင်မုန့် ကြောင်အမ်းလို့ သွားသည်။

ထိုမနက် ကိစ္စဖြစ်ပြီးတည်းက သူမတို့ နှစ်ယောက်လုံး စကားတစ်ခွန်းတောင် မပြောခဲ့ကြ။ သူမ နှလုံးသားထဲမှာ ဖြစ်ပေါ်လာခဲ့တဲ့ မီးတောက်လေးကို ဖြည်းဖြည်းချင်း ငြှိမ်းသတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း စိန်းနာကပ်တွေကို မြင်ပြီးနောက်မှာ သူမရဲ့ မီးတောက်လေးက ပြန်လည်ရှင်သန်လာခဲ့သည်။ သူမ ဘယ်နေရာကနေ စပြီး အထင်လွဲနေမိလည်းဆိုတာ ပြန်စဉ်းစားလိုက်သည်။

ရေခဲဖြစ်သွားတဲ့ သူမတို့ရဲ့ အခြေအနေကို ဘယ်လိုချိုးဖျက်ရမလဲဆိုတာ တွေးနေတုန်းမှာ ထိုသားရဲကြီးက သူမဆီကို စာပို့လာလိမ့်မယ်လို့ တခါမှတောင် မထင်ထားခဲ့။ ဒါ့အပြင် စာထဲမှာ ပါတဲ့ အဓိပ္ပာယ်အရဆို သူကလည်း တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖျော်ဖြေပွဲဆီ‌ကို‌ ရောက်နေတာပဲ ဟုတ်တယ်မလား?

နင်မုန့် အနောက်ဘက်ကို လှည့်ကာ ရှာကြည့်လိုက်သည်။ ပြိုင်ပွဲက စတင်နေပြီ ဖြစ်တာမို့ ပွဲထဲမှာ အလင်းရောင်ကို ပိတ်ထားလေသည်။ VIP ဧရိယာရဲ့ အရှေ့ဆုံးမှာ ထိုင်တဲ့လူအတွက်ကတော့ လှည့်ကြည့်တဲ့အခါ အနက်ရောင် ကွင်းပြင်ကြီးကိုသာ မြင်နေရမှာ ဖြစ်ပြီး ပတ်ပတ်လည်က ဘယ်လှုပ်ရှားမှုကိုမှလည်း ရှင်းရှင်းလင်းလင်း မြင်ရနိုင်မည် မဟုတ်ချေ။

နင်မုန့်က ခနလောက် ရပ်တံ့သွားပြီးနောက် စာပြန်ရိုက်ပို့လိုက်သည်။ [VIP ဧရိယာမှာ]

သူ ဘာလို့ သိချင်လဲဆိုတာ သူမ မေးဖို့ လုပ်လိုက်ချိန်မှာပဲ ဝန်ထမ်းက သူတို့ကို ဓာတ်ပုံရိုက်တာတွေတို့ ဖုန်း ဆော့တာတွေ မလုပ်ရန် မေတ္တာရပ်ခံလာ၏။ ထို့ကြောင့်ပဲ နင်မုန့်အနေနဲ့ ဖုန်းကို အိတ်ကပ်ထဲသာ ပြန်ထည့် လိုက်ရသည်။ သူမ စင်‌ကို ကြည့်လိုက်သည်။ သူတို့ အားပေးတဲ့ အနုပညာရှင်တွေအတွက် လူအုပ်ကြီးက အားပေးနေကြသည်မို့ လေထုက ရုန်းရင်းဆန်ခတ် ဖြစ်လို့နေ၏။

ပထမဆုံး ဖျော်ဖြေရမယ့် အဖွဲ့က နားနေခန်းမှာ ကျန်းရှန့်မေအတွက် ပြောလာပေးတဲ့ စီနီယာတို့ အဖွဲ့ ဖြစ်လေသည်။ အသက်ငါးဆယ် ရှိပြီဖြစ်တဲ့ ထိုလူက ထိုအသက်လို့တောင် မထင်ရသလို အဆင်သင့်ဖြစ်ဖို့ လက်မြှောက်လိုက်တဲ့အခါ သူ့ပုံစံက လုံးလုံးလျားလျားကို ကြော့ရှင်းသပ်ရပ်လှ၏။ သူက in-ear monitorကို တစ်ဖက်တည်း တပ်ထားသည့်အပြင် သူ့ရဲ့ မကျွမ်းကျင်သေးတဲ့ တွဲဖက်ဖော်ပင်လျင် in-ear monitorကို တစ်ဖက်တည်း တပ်ထားလေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now