36[U&Z]

4.7K 630 6
                                    

[Unicode]

နိုင်ငံ့အကောင်းဆုံး သီချင်းရေးဆရာနဲ့ စုထျန်းထျန်းရဲ့ ပေါင်းစပ်မှုက တရုတ် တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်လာသည်။

နင်မုန့်ကတော့ ကုတင်ပေါ် လဲလျောင်းရင်း အခုခေတ် popအမျိုးအစား ကဲ့သို့ သီချင်းကို နားထောင်နေလေသည်။ ဒီလို အရမ်းကောင်းတဲ့ သီချင်းအမျိုးအစားတွေက နောက်အနာဂတ်လောက်မှာ ရှိလာတော့မှာ မဟုတ်‌ပေ ။ စစချင်းက နင်မုန့်တွင် စုထျန်းထျန်းနှင့် ပြိုင်ဆိုင်လိုစိတ် မရှိပေ။ သူမ လုပ်ချင်တာက အဖေဖြစ်သူရဲ့ ကုမ္ပဏီကို ကာကွယ်ချင်ယုံသာ။ သို့ပေမယ့် အခုတော့ သူမက ဟော်ပေ့ချန် လက်မောင်းကို နာကျင်အောင် လုပ်ထားခဲ့သည်မို့ စုထျန်းထျန်းကို တစ်ဘဝလုံး နာကျင်အောင် လုပ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေ၏။

ချက်ချင်းဆိုသလို ကုတင်ပေါ်မှ နင်မုန့် ထရပ်လိုက်ပြီး တစ်စုံတခုလုပ်ဖို့ရာအတွက် သူမအဖေ ကုမ္ပဏီရှိရာဆီသို့ ဦးတည်ဖို့ရာ တံခါးကို ဖွင့်လိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

ဒီနေ့ရဲ့ ဧည့်ခန်းက ယခင်နေ့တွေကထက် အသက်ဝင်လို့ နေလေသည်။ စုယွဲ့က ဟော်ပေ့ချန်ရဲ့ လက်မောင်းကို စစ်ဆေးကြည့်လိုက်ပြီးနောက် ပကတိ ပြန်ကောင်းသွားပြီဖြစ်ကြောင်း ပြောလိုက်သည်။

"ဒီနှစ်တွေထဲ အခုက ပထမဆုံးအကြိမ် ဘော့စ်အနေနဲ့ ဆရာဝန် စကား နားထောင်တာပဲ!"

ဟော်ပေ့ချန်က ဆိုဖာပေါ်တွင် ထိုင်နေတာဖြစ်ပြီး လက်ထဲမှ စာရွက်စာတမ်းတွေကို ဖတ်လို့နေသည်။ သာမန်အဝတ်အစား ဝတ်ထားသော်ငြား သူ၏ အရှိန်အဝါက အခန်းတစ်ခန်းလုံး လွှမ်းခြုံလို့နေ၏။

"အခုလိုပြန်ကောင်းသွားတာ ဘော့စ် ဇနီးကြောင့်ပဲ" စုယွဲ့ ပြုံးပြီးပြောလိုက်၏။

ထိုသို့ ကြားလိုက်ရသည့်အခါ ဟော်ပေ့ချန်ရဲ့ လက်တို့ အနည်းငယ် လှုပ်ယမ်းသွားသလို နှုတ်ခမ်းထောင့်က အနည်းငယ် ကော့တက်သွားလေသည်။

"ဟမ့်! အဲ့မိန်းမ ‌ကြောင့်သာမဟုတ်ရင် ငါတို့ဘော့စ် အခုလို ဒဏ်ရာရမှာတောင် မဟုတ်ဘူး! ‌ငါတို့ဘော့စ်ကို ဂရုစိုက်ပေးရမှာကိုက သူ့တာဝန်ပဲလေ!" ချီရှန် ပြောလိုက်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Opowieści tętniące życiem. Odkryj je teraz