182[U&Z]

1.2K 145 7
                                    

[Unicode]

အပြန်လမ်းမှာ ကားအပြင်ဘက်က လမ်းမီး လိ‌မ္မော်ရောင် ခပ်ဖျော့ဖျော့တို့က အထဲသို့ တိုး၀င်နေလေသည်။

သူတို့ နှစ်ယောက်လုံး နှုတ်ခမ်းချင်း ထိမိပြီးနောက်မှာ ချက်ချင်းဆိုသလို ပြန်ခွာလိုက်ကြတာ ဖြစ်၏။

ဘေးမှ အမျိုးသားကို တောက်ပပြီး လှပ‌နေတဲ့ မျက်၀န်းတို့နှင့် နင်မုန့် ကြည့်လိုက်သည်။

သူမ ဘာတစ်ခွန်းမှ ပြောမလာခင်မှာပဲ အမျိုးသားက သူ့ခေါင်းကို သူမနားဆီသို့ ဖြည်းဖြည်းချင်း တိုးလာလေသည်။

သူ နီးကပ်လာသလောက် သူမ ခန္ဓာကိုယ်က နေမထိထိုင်မသာ ဖြစ်နေတာကို နင်မုန့် ခံစားလို့ ရနေ၏။ ရင်ဘတ်ထဲမှ ဖောက်ထွက်လုမတတ် သူမ နှလုံးသားက ကဆုန်ဆိုင်း ခုန်ပေါက်နေလေသည်။ ခန္ဓာကိုယ် တုန်ယင်နေရင်းမှ ရင်ဘတ်ပေါ် လက်ဖြင့် ဖိလိုက်ပြီး သူမကိုယ်သူမ စိတ်ငြိမ်သွားအောင် ကြိုးစားနေလိုက်သည်။

အပြင်းအထန် လှုပ်ရှားနေတဲ့ နှလုံးနဲ့အတူ လှိုင်တက်လာတဲ့ ရှက်စိတ်တို့ကိုပါ ခံစားနေပြီး....ကြိုတင် မျှော်မှန်းထားတဲ့ သူ့ရဲ့ ချဉ်းကပ်မှု....

ဒင်!

အရာအားလုံး အပူရှိန် မြင့်လာချိန်မှာ ရုတ်တရက်ဆိုသလို သူမ ဖုန်းက မြည်လာလေ၏။

"..."

ပူလောင်နေတဲ့ မျက်နှာနဲ့အတူ  အလျင်အမြန်ပဲ သူမ မတ်မတ် ပြန်ထိုင်လိုက်သည်။

ဟော်ပေ့ချန်ကို သူမ ချောင်းကြည့်လိုက်တော့ တပ်မက်မှုတွေကို ဖိနှိပ်ရင်း ရုန်းကန်နေတဲ့ သူ့မျက်၀န်းတွေကို တွေ့လိုက်ရသည်။ လည်စိ တချက်လှုပ်ရှားသွားရင်းနဲ့ သူမ ဖုန်းကို ကြည့်မိလိုက်တဲ့အခါ မျက်၀န်းတွေထဲမှာ တောက်လောင်နေတဲ့ တပ်မက်မှုတို့က ပျောက်ကွယ်သွားပြီး သူမကို အေးစက်စွာ ဟန်လုပ် ပြုံးပြလာလျက် "ဟမ့်"

နင်မုန့်က ‌ဖုန်းကို ငုံ့ကြည့်လိုက်တဲ့အခါ လင်းချင်ပေ့ဆီမှ စာရောက်နေတာ ဖြစ်သည် : [အိမ် ပြန်ရောက်ပြီလား?]

"..."

နင်မုန့်က လစ်လျူရှူလိုက်ရင်းသာ ခင်ပွန်းဖြစ်သူကို လျူယင်းနဲ့ ဖြစ်ပျက်ခဲ့သမျှ အကြောင်းကို အလောတကြီး ရှင်းပြလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Tempat cerita menjadi hidup. Temukan sekarang