121[U&Z]

2.7K 295 12
                                    

[Unicode]

ချီရှန်က ပြန်ပြီး ကျီစယ်လိုက်သည်။ "တော်လိုက်ပါတော့ ဖေးပိုင်ရေ မင်းကလည်း ဒီလောက်ကြီး နောက်ကျမှ မတရား ပျင်းနေတာလား? တနေ့လုံး လူသတ်မယ်ဆိုတဲ့ စကားကို မရပ်နိုင်ရတာလဲ? သတ်မယ် သတ်မယ် သတ်မယ် သတ်မယ် ဆိုတာချည်းပဲ! တခြားအကြောင်းလေးတောင် မပြောနိုင်တော့ဘူးလား? ကြေးစားလူသတ်သမား ဖြစ်ရင်တောင်မှ အနည်းဆုံးတော့ ကိုယ့်ကိုကိုယ် သတိထားပြောလို့ ရနိုင်မလား?"

"အဟင်း!"

လူတိုင်းရဲ့ အာရုံစိုက်မှု သူ့ဆီပြန်လာအောင် ဟော်ပေ့ချန် ချောင်းတု ဆိုးလိုက်သည်။

ဒါကြောင့်ပဲ မူလ သတင်းကို ပြန်ဆက်ကြသည်။

ချီရှန်က အင်တိုက်အားတိုက် ထပ်ပြီး အကြံပြုလိုက်သည်။ "ဒီလိုဆိုရင်ရော။ ပိုက်ဆံအားလုံးပုံပြီး ကောင်မလေးအပေါ်ကို ပစ်ချလိုက်မယ်! ကောင်မလေးက ပိုက်ဆံတွေကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ဖမ်းလိုက်မယ်!"

စုယွဲ့ ခေါင်းသာ ‌ခါမိသွားသည်။ "ချီရှန် ကြောင်တောင်တောင်တွေ ပြောတာရပ်လိုက်တော့! ဘော့စ် မြင်တဲ့အတိုင်းပါပဲ....ကျွန်တော်တို့ ၃ယောက်လုံးက ဒီနယ်ပယ်မှာ သိပ်ပြီး ထဲထဲဝင်ဝင် မရှိကြဘူး။ ကျွန်တော်တို့ကို ဟိုဟိုဒီဒီ ရှာကြည့်ဖို့ အချိန်ပေးလိုက်ရင်ရော? အကြံကောင်းတွေ ရလာတဲ့အချိန်ကျရင် ဘော့စ်ကို အသိပြန်ပေးမယ်လေ အဲ့လိုပဲ လုပ်ကြမလား"

"ကောင်းပြီလေ အဲ့အကြံတွေကို ချရေးပြီး နောက်ကျရင် ငါ့ဆီ e-mailပို့လိုက်"

"..."

  -

ထိုအချိန် နင်မုန့် အခန်းတွင်ဖြစ်သည်....

အပြင်ဘက်က ဘယ်အသံကိုမဆို သေချာနားစွင့်လို့ ထားရင်း နင်မုန့် ကုတင်ပေါ်မှာ သူမမျက်နှာကို ခေါင်းအုံးဖြင့် အုပ်ထားလိုက်သည်။

တစ်စုံတယောက် သတိပြုမိသွားမှာ ဆိုးတာကြောင့် တံခါးကိုပါ သော့ခတ်ထားလေ၏။

ပွေ့ဖက်မှုကို ပြန်စဉ်းစားမိလိုက်တဲ့ အချိန်တိုင်း နင်မုန့် နားတွေက နီရဲလို့လာ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora