70[U&Z]

3.9K 473 6
                                    

[Unicode]

စုထျန်းထျန်း ထွက်သွားပြီး မကြာခင်မှာ နင်ဝမ့်ထောင် တကိုယ်လုံး ကုလားထိုင်ပေါ်သို့ ပြိုလဲကျသွားသလို လက်တွေကြား ငိုကြွေးတော့၏။ ဒါ့အပြင် နင်မုန့်ကို သူက နှစ်သိမ့်ပေးဖို့ ကြိုးစားနေသေးသည်။

"မုန့်မုန့် စိတ်မပူနဲ့နော်။ အဖေရဲ့ ရှယ်ယာတွေကို ဘယ်တော့မှ ချောင်ရွှယ်ဟွာဆီ အပါမခံဘူး။ အဖေ အကုန်လုံးကို စဉ်းစားထားပြီးသား။ နှုတ်ထွက်ရတဲ့အခါ ဒီစံအိမ်ကြီးကို ရောင်းလိုက်မယ်။ ပြီးရင် အဲ့ပိုက်ဆံတွေကို ကုမ္ပဏီမှာ သမီး ဥဣဌဖြစ်လာဖို့ မြှုပ်နှံလိုက်လို့ရပြီ"

ယွမ် ၁ဘီလီယံကတော့ မရှိတော့ပြီ။

ကုမ္ပဏီကတော့ ဆက်လည်ပတ်ဖို့ ပိုက်ဆံလိုသေး၏။ ပိုက်ဆံမရှိဘဲ ဘယ်လိုမှ လည်ပတ်နိုင်မှာ မဟုတ်ပေ။

ထိုသို့ ကြားတဲ့အခါ နင်မုန့်က နှစ်သိမ့်လိုက်သည် "အဖေ မစိုးရိမ်ပါနဲ့။ ဒီရုပ်ရှင်က သေချာပေါက်ကို အောင်မြင်မှာ"

သူမ စကားကို လစ်လျူရှူလိုက်ရင်း သူ့ဘေးနားရှိ ဆိုဖာကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း "ဒီ redwoodဆိုဖာက သမီး အမေရဲ့ အကြိုက်ဆုံးပဲ။ အိမ်ရောင်းလိုက်ရင်တောင် အဖေနဲ့အတူ ဒါကိုတော့ ယူသွားမယ်"

"အဖေ သမီးကို မယုံဘူးလား"

နင်ဝမ့်ထောင် သူမကို တချက်ကြည့်လိုက်ပြီးနောက် သူမရဲ့ အကြောင်း စရေတွက်ပြတော့သည်။

"သမီး အသက် ၁၂နှစ်တုန်းက စက်ရုပ်အတွက် ရင်းနှီးမြှုပ်နှံချင်ခဲ့တယ်။ ဒါကြောင့် အဖေက ၁သန်းပေးလိုက်တယ်။ အကုန်လုံး ရှုံးသွားတယ်"

"သမီးအသက် ၁၅နှစ်မှာ fashionလုပ်ငန်းထဲ ရင်းနှီးမြှပ်နှံချင်ခဲ့တယ်ဆိုလို့ အဖေ ၁၀သန်း ပေးခဲ့တယ်။ အကုန်လုံး ရှုံးသွားတယ်"

"သမီးအသက် ၁၈နှစ်မှာ ကားပြိုင်ပွဲထဲ ရင်းနှီးမြှပ်နှံချင်ခဲ့တယ်ဆိုလို့ အဖေ သန်း၂၀ ပေးခဲ့တယ်။ အကုန်လုံး ရှုံးသွားတယ်"

"သမီးအသက် ၂၂နှစ်မှာ စတော့ဈေးကွက်ထဲ လုပ်ငန်းထဲ ရင်းနှီးမြှပ်နှံချင်ခဲ့တယ်ဆိုလို့ အဖေ သန်း ၃၀ ပေးခဲ့တယ်။ အကုန်လုံး ရှုံးသွားတယ်"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora