39[U&Z]

4.5K 583 15
                                    

[Unicode]

Wrong Loveသီချင်းက စုထျန်းထျန်းဆိုထားတဲ့ သီချင်းရဲ့ နားထောင်သူ downloadလုပ်သူ အရေအတွက်ကို ကျော်လွန်သွားလေ၏။ တရားဝင်ပင် music chartတွေမှာ နားထောင်သူအများဆုံး သရဖူကိုတောင် ရရှိ‌သွားတော့သည်။ positive reviewတွေကလည်း mediaပေါ်မှာ စတင် တင်လာကြ၏။

"တစ်နာရီအတွင်း လင်းချင်ပေ့ဆီမှာ fan တစ်သိန်း တိုးလာလေသည်။

လူတိုင်းက စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်နေကြ၏။

"တစ်နာရီထဲမှာတောင်! စောက်ရမ်း လန်းသွားပြီ! Internetမှာ ငါတို့ ချိုးခဲ့တဲ့ စံချိန်ကို ကြည့်လိုက်ပါဦး!"

"တစ်နာရီလောက်နဲ့ တကယ့် အခြေအနေလို့ သက်မှတ်ဖို့ မလုံလောက်ဘူး။ အခုဟာက အင်တာနက်ပေါ်မှာ boostလုပ်ထားတဲ့ အကျိုးကြောင့်ပဲ။ promotionပြီးသွားတဲ့ အချိန်အနည်းငယ်အထိ ကျွန်မတို့ စောင့်ကြည့်ဖို့လိုအပ်တယ်"

အခန်းထဲမှ အခြေအနေကို ဂရုမစိုက်သော လူတစ်ယောက်မှလွဲ လူတိုင်းက ခေါင်းငြိမ့်ကြလေ၏။

နင်ဝမ့်ထောင်သည် အခုအချိန်မှာတော့ သမီးဖြစ်သူအတွက် အမှန်တကယ် ဂုဏ်ယူမိ၏။ 'ငါ့သမီးက အကောင်းဆုံး' ဆိုသော စာသားကို သူ့မျက်နှာပေါ်တွင် အတိုင်းသား မြင်နေရသည်။

"မင်းမှန်တယ်။ အခုက တစ်နာရီလောက်ပဲရှိသေးတာ။ ထပ်ပြီး စောင့်ကြည့်ကြတာပေါ့" နင်ဝမ့်ထောင် နှိမ့်ချစွာ ပြောလိုက်သည်။

"ရလဒ်တွေက အခုလောလောဆယ် အကောင်းတွေဘက်ကချည်း ဆိုပေမယ့် ဒီအရာလောက်က ကျွန်မတို့ သူ့ဆီမှာ ရင်းနှီးထားတာနဲ့ စာရင် ဘာမှမဟုတ်သေးဘူး!" ချောင်ရွှယ်ဟွာ မျက်မှောင်ကြုပ်ရင်း ပြောလိုက်၏။

ချောင်ရွှယ်ဟွာသည် သူမသမီးကို အလျင်အမြန် စာရိုက်ပို့လိုက်လေသည်။

[နင့်ရဲ့ သီချင်းက chartတွေကနေ အောက်ကျသွားပြီ! ပြန်တင်ဖို့ လိုအပ်နေပြီ!]

စုထျန်းထျန်းက သူမကို ချက်ချင်း စာပြန်လာသည်။

[စိတ်မပူပါနဲ့။ အခုက ပထမဆုံး တစ်နာရီပဲ ရှိနေသေးတာ။ မတရား တွန်းတင်ထားတဲ့ သီချင်းဆိုတော့ အခုလောလောဆယ်တော့ ‌ကောင်းနေမှာပဲ။ ဒါပြီးရင် လူတိုင်းက သူ့သီချင်းနဲ့ သမီးရဲ့ သီချင်းကို နှိုင်းယှဉ်လာကြလိမ့်မယ်။ ခနလေးပဲ စောင့်လိုက် နောက်နာရီပိုင်းအတွင်းမှာ သမီးရဲ့ သီချင်းက ထိပ်ကို ပြန်ရောက်လာမှာပဲ!]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora