73[U&N]

3.9K 502 14
                                    

[Unicode]

မြို့အလယ်၌ တည်ဆောက်ထားသော ဟော်အဖွဲ့အစည်း၏ ဌာနချုပ်ရှိ ထပ်ဆုံးထပ်တွင် ဖြစ်သည် ...

ဟော်ပေ့ချန်က သူ့စားပွဲခုံတွင် အလုပ်လုပ်နေတုန်းဖြစ်သည်။ သူ့ဘေးနားမှ အသက်ရှူသံ ပြင်းပြင်းကို ရုတ်တရက် ကြားလိုက်ရတဲ့အခါ ခေါင်းမော့ကြည့်လိုက်တော့ ဖုန်းကို ဒေါသတကြီး ကြည့်နေတဲ့ ချီရှန်ကို မြင်လိုက်ရသည်။

"ဘော့စ် ဒီမိန်းမက အရမ်း လွန်လွန်းနေပြီ!"

ထိုစကားကြောင့် လက်ထဲမှ ကိုင်ထားဆဲ ဘောပင်နဲ့အတူ အမူအရာ ကင်းမဲ့စွာသာ ‌ချီရှန်ရဲ့ ဖုန်းကို တချက်ကြည့်လိုက်ရင်း ဟော်ပေ့ချန် မေးလိုက်သည်။ "ဘာကိုလဲ"

ချီရှန် ပြန်ပြောလိုက်သည်။ "ကျွန်တော်က သူ့အတွက် မေတ္တာထားပြီး သူ့ရုပ်ရှင်ကို အားပေးခဲ့တာတောင်မှ ကျွန်တော်က ဆင်းရဲတယ်လို့ ပြောရဲ‌သေးတယ်! ဘော့စ် သူမ ဘာလို့ အဲ့လောက်ထိ ကျေးဇူးမသိတတ်ရတာလဲ"

ဟော်ပေ့ချန်ရဲ့ မျက်ခုံးတို့ မြင့်တက်သွားရင်း သူ့အား အေးစက်စွာ ကြည့်လျက် "ဒီတော့ မင်းက ချမ်းသာတယ်ပေါ့?"

"???"

သေချာပေါက်တော့ သူ့မှာ ပိုက်ဆံတချို့ရှိတာပေါ့ ဒါပေမယ့် ကြီးမြတ်လှတဲ့ ဟော်ပေ့ချန်နဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်တော့ဘူးလေ။

"ဟဟဟ!" စုယွဲ့ မကူမကယ်နိုင်စွာပဲ ရယ်သံသာ ထွက်လာလေ၏။ သူ့ဘော့စ်ရဲ့ အကြည့်စူးစူးတို့ကြောင့် စုယွဲ့မေးလိုက်သည်။ "မဒမ်ကို supportပေးဖို့အတွက် ကျွန်တော်၊ စုယွဲ့ နဲ့ ဖေးပိုင်တို့ တယောက်ချင်းစီ ယွမ်၂သောင်း သုံးခဲ့ကြတယ် ဘော့စ်။ ဘော့စ်ကရော သူမကို supportပေးဖို့ အတွက် ဘယ်လောက် သုံးပေး‌ခဲ့သေးလဲ"

ဟော်ပေ့ချန် ခေါင်းငုံ့လိုက်ပြီး စားပွဲပေါ်မှ အလုပ်တွေကို ဆက်လုပ်လိုက်သည်။ "အဲ့လို လုပ်ဖို့ မလိုအပ်ဘူး"

ရုပ်ရှင်ရဲ့ အကြံပြုချက်တွေကို သူဖတ်ခဲ့ပြီးဖြစ်သည်။ ထုတ်လုပ်ရေး အဖွဲ့ကလည်း အားစိုက်ခဲ့မယ်ဆိုရင် ရုပ်ရှင်က သေချာပေါက် အောင်မြင်မှု ကြီးမားမှာပင်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now