8[Z&U]

6.5K 875 2
                                    

[Zawgyi]

အကျိုးမဲ့သော လှုပ်ရှားမှု

"Comic studioရဲ့နာမည်က Lemon(သံပရိုသီး)ပဲ။ ပြီးတော့ သုရုံ 5နှစ်တာ စာချုပ်ချုပ်ခဲ့တာကလည်း lemon studioအတွက် အလုပ် လုပ်ပေးဖို့အတွက်ပဲလေ။ အဲ့ဒါကြောင့် သူ့အလုပ်အားလုံးကို Lemonထုတ်လုပ်ရေးက ပိုင်တယ်!" နင်မုန့်က တည်ငြိမ်စွာ ရှင်းပြနေလေ၏။

ထိုအကြောင်းအရာကို ကြားလိုက်ရသော လူတိုင်းသည် shockရသွားကြကုန်သလို ဘယ်လိုတုံ့ပြန်ကြရမှန်း မသိတော့။ နောက်ဆုံးတွင် လူတိုင်း၏ ဆွံ့အနေပုံကိုကြည့်ရင်း နင်မုန့် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ ကံကောင်းစွာနဲ့ သူမ ကလောင်နာမည်က Studioနာမည်နဲ့ တူနေလို့ပေါ့။ မဟုတ်ပါက အခုလို အကျပ်အတည်းအခြေအနေမှာ ပို၍ရှင်းရခက်နေပေလိမ့်မည်။

"ဒီဖြေရှင်းချက်ကို ငါလက်မခံနိုင်ဘူး! တကယ်လို့ နင်မုန်သာ Studioနာမည်သာဆို နင်ကဘာလို့ အစောက  လက်မှတ်ထိုးနေရတာလဲ?" အမျိုးသမီး fanသည် မေးလိုက်၏။

"ကျွန်မအမေက Lemon studioကို ကျွန်မ လက်ထဲ လွှဲခဲ့တယ်။ နောက်တမျိုးပြောရမယ်ဆို ကျွန်မက ဒီကသူဋ္ဌေးပဲ။ အဲ့တော့ Studioအစား ကျွန်မက လက်မှတ်ထိုးပေးတာ ဘာများမှားသွားလို့လဲ?"

"...."

နင်မုန့်ရဲ့ ပြန်ဖြေကြားချက်က အမျိုးသမီးfanကို တုန်လှုပ်သွားစေသည်။ ဒီလိုက မမှန်သေးဘူးဆိုတာ သူမ သိနေပေမယ့်လည်း ဘယ်လို့ဆက်တုံ့ပြန်ရမလဲ မသိတော့ပေ။ တဖက်ရှိ ထောင့်စွန်းနားတွင် သုရုံသည် မျက်မှောင်ကျုပ်ထားရင်း နင်မုန့်အား စူးရဲစွာကြည့်နေလေ၏။

'ဒီမိန်းမက လောဘသားကောင်ပဲ! ငါ ခက်ခက်ခဲခဲ ကြိုးစားခဲ့သမျှ အလုပ်တွေနဲ့ လူတိုင်းရဲ့ အာရုံစိုက်ခံရမှုတွေကို ယူသွားသေးတယ်! ဒါတောင်မှ သူ့လုပ်ရပ်အမှားတွေက မှန်နေတယ်ဆိုပြီး ပြန်တည့်မတ်နေသေးတယ်!"

"ငါ့ဘက်က  စာချုပ်ကို ဖျက်သိမ်းချင်တယ်" သုရုံ စူးစူးဝါးဝါးအော်လိုက်၏။

နင်မုန့်ကို အခုလိုအခြေအနေထိ ရောက်အောင် လုပ်ခဲ့သည့် အဓိကအကြောင်းအရင်းကား လူထုရဲ့ ဖိအားကို အသုံးချပြီး သုရုံနဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ဖြစ်၏။ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သုရုံသည် ဘာတွေပဲဖြစ်လာဖြစ်လာ Studioကနေ ထွက်ခွာသွားမည်ဆိုတာ ဆုံးဖြတ်ပြီးပြီပင်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Onde histórias criam vida. Descubra agora