136[U&Z]

2.3K 266 6
                                    

[Unicode]

နင်မုန့် မေးပါ အောက်ပြုတ်ကျသွားရ၏။

messageကို ကြည့်နေရင်းမှ စာအနည်းငယ်ရိုက်လိုက်သည်။ "အင်း နည်းနည်းစားချင်တယ်"

စာမပြန်ခင်မှာ ခံစားချက်ပျောက်နေတဲ့ အသံကို ရုတ်တရက်ဆိုသလို နားထဲ ကြားယောင်လို့လာ၏။ "sandwicheကို စားရတာ ကြိုက်တယ်ပေါ့? သူတို့ကိ သတ်လိုက်"

နင်မုန့် ကျောရိုးတစ်ခုလုံး စိမ့်သွားရ၏။

နင်မုန့်က ချက်ချင်းဆိုသလိုပဲ "အင်း နည်းနည်းစားချင်တယ်" ကနေ "မလို‌တော့ဘူး ကျေးဇူးပဲ" ဟု ပြန်ပြောင်း‌ရေးလိုက်သည်။

ထိုစာကို ပို့ဖို့ လုပ်လိုက်ရင်ပဲ နတ်ဆိုးဆန်တဲ့ အသံက သူမ စိတ်ထဲ နောက်တကြိမ် ဝင်လို့လာပြန်လာ၏။ "sandwiche စားရတာ မကြိုက်ဘူးပေါ့? သူတို့ကို သတ်လိုက်"

နင်မုန့်ကတော့ ဆွံ့အလို့ သွားရသည်။

'ဒါက အကိုကြီးဖေးပိုင် လူတွေရဲ့ အသက်ကို မနှုတ်မီ ထွက်ပြေးဖို့ ပြတာမျိုးများလား?'

Novelဖတ်ပြီးတည်းက ဟော်ပေ့ချန် ပိုင်ဆိုင်တဲ့ အမျိုးမျိုးသော စီးပွားရေး လုပ်ငန်းတွေ ရှိတဲ့ အရှေ့တောင်အာရှတဝိုက်မှ ဖေးပိုင်ရဲ့ လူသတ်မှုမှတ်တမ်းတွေကို နင်မုန့် သတိထားမိခဲ့တာဖြစ်ပြီး ထိုနေရာကလည်း ကသောင်းကနင်း ဖြစ်ခဲ့သည်။

ရှင်သန်မှုတွေထဲ လူတစ်ယောက်ကို သတ်ရုံလောက်နဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ ဖေးပိုင်က သံသယ ကင်းမဲ့စွာ ယုံကြည်လေ၏။

တတ်နိုင်ပါက သူ့အနေနဲ့ လူနှစ်ယောက်ကို သတ်တာ ဖြစ်သည်။

စာပြန်မပို့ခင် နင်မုန့် ခေါင်းထဲ အတွေးပေါင်းများစွာဖြင့် မိနစ်အနည်းငယ်လောက် ချာချာလည်နေလေ၏။

စံအိမ်မှာ ဖြစ်သည်။

ဖေးပိုင်ရဲ့ အကောင့်နဲ့ ဟော်ပေ့ချန် ‌စာပို့ပြီးတဲ့အခါ သူ့စာကြောင်းတစ်ခုလုံးက ဖေးပိုင်ရဲ့ ဘယ်နေရာနဲ့မှ တူမနေတာကို သဘောပေါက်သွားသည်။

စာကို ပြန်ဖျက်မယ်လုပ်လိုက်တဲ့အခါ ပြန်စာကို လက်ခံနှင့်ပြီး ဖြစ်လေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now