106[U&Z]

2.9K 325 4
                                    

[Unicode]

နင်မုန့် ဆွံ့အ သွားရသည်။

သူမ မှတ်မိတဲ့ ဟော်ပေ့ချန်ဆိုတာက တကယ် ‌ပုံတုံးကြီးဖြစ်သည်။ ဘယ်အချိန်တည်းက သူက အခုလို "မင်းကိစ္စ မဟုတ်" ဆိုတဲ့ memesတွေလိုမျိုးကို သုံးတတ်သွားရတာလဲ။

နင်မုန့် : [ရှင့်ဖုန်း hackခံ ထားရတာလား]

ဟော်ပေ့ချန် : [ဟင့်အင်း]

"..."

သူမ ဖုန်း screenကနေ ရင်းနှီးတဲ့ အေးစက်စက် အရှိန်အဝါကို ခံစားလို့ရနေသည်။ ဒီလူကတော့.... သူ့ကို လစ်လျူရှူထားပြီး သူမ ပါပီကောင်လေးနဲ့ပဲ စကားပြောနေလို့ စိတ်ကောက်သွားတာနေမယ်!

နင်မုန့် အလျင်အမြန်ပဲ စာပြန်လိုက်သည် : [မဟုတ်တာ မဟုတ်တာ! ဘယ်လိုလုပ် ကျွန်မ ကိစ္စ မဖြစ်ရမှာလဲ။ ရှင် အိပ်မပျော်ရင် ကျွန်မပါ အိပ်လို့ရမှာ မဟုတ်ဘူး]

ဟော်ပေ့ချန် : [?]

နင်မုန့် : [ဘာလို့ဆို ကျွန်မ နှလုံးသားက ယောက်ျားနဲ့ အမြဲရှိနေတာမို့လေ~]

ပြီးနောက် ခနတာ ငြိမ်သက်သွားပြီးတဲ့နောက် message boxမှာ ဟော်ပေ့ချန်ဘက်က စာရိုက်နေကြောင်း ပြလာလေ၏။

အချိန်ခနတာ စောင့်ပြီးတဲ့ထိ messageရောက်မလာသေးပေ။

နင်မုန့် စတင်ပြီး စိတ်ပူလာသည်။

ခုနက သူမရဲ့ မျက်နှာချိုသွေးမှုက သူ့ကိုချော့နိုင်ဖို့ မလုံလောက်လို့များလား။

ထိုအချိန် ဟော်တယ်တွင် ဖြစ်သည်။

"ဘယ်လိုလုပ် ကျွန်မ ကိစ္စ မဖြစ်ရမှာလဲ~" ဆိုတဲ့ ဖုန်းပေါ်က စာကြောင်းကို ဟော်ပေ့ချန် တိတ်ဆိတ်စွာ ငေးကြည့်လို့နေ၏။

သူမ သိတယ်....သူမ သိသားပဲ...!!

"မင်းကိစ္စ မဟုတ်" ဆိုတာက ဘာကိုပြောချင်မှန်း သူမ သိနေတာပဲ။

ခန ကြာတဲ့နောက် မျက်နှာကို လက်ဖြင့် အုပ်လိုက်သည်။

မျက်ဝန်းတွေထဲက အရည်ကြည်တို့ ကျလာတာကို မထိန်းမိသလို မျက်နှာပေါ်မှာ ဖြစ်ပေါ်လာတဲ့ အပြုံးတစ်ခုကိုလဲ ထိန်းမထားနိုင်တော့။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Dove le storie prendono vita. Scoprilo ora