84[U&Z]

3.5K 419 9
                                    

[Unicode]

"..."

ထိုသို့ ကြားလိုက်ရတဲ့ အခါမှသာ ဟော်ပေ့ချန်သည် တနေကုန် ဒေါသထွက်နေတာမို့ မနက်တည်းက ဘာမှ မစားရသေးမှန်း သတိရသွားသည်။

ဒါပေမယ့် အခု သူမက ဘယ်လိုဂိမ်းတွေ ကစားပြီး လှည့်စားချင်နေသေးတာလဲ။

ဟော်ပေ့ချန် ခနတာ တွေးပြီးနောက် ပြန်ဖြေလိုက်သည်။ "အင်း ဗိုက်ဆာနေတာ"

ဒီမိန်းကလေးက တခါတလေတော့ သူ့စိတ်ကို ကျေနပ်အောင် ကြိုးစားပေးတတ်သည် ဒါကြောင့် ဒီတကြိမ်မှာလည်း သူမက ဒီလိုလုပ်ပေးဦးလောက်မှာ....

လက်ထဲမှ အစားအသောက်ကို နင်မုန့် ကြည့်လိုက်ပြီးနောက် မျက်လုံးတို့ ပိတ်ထားသည့်ပုံက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချနေရသည့်ပုံပင်။ ပြီးနောက်မှာတော့ သူမ နှုတ်ခမ်းတို့ ပွင့်လာ၏။

"ကျွန်မ....အစေခံမှူးကို ဖုန်းခေါ်ပေးမယ်လေ။ နောက်ကျရင် သူက အစားအသောက် လာပို့ပေးမှာပါ အိုကေ?"

"???"

အိုး ဟိုးဟိုး! ဒီမိန်းမမှာက အကြံနှစ်ခု ရှိပြီးသားပါလား! ဒေါသတို့က ဖြည်းဖြည်းချင်း ဟော်ပေ့ချန်ရဲ့ စိတ်ထဲ စတင် ကြီးထွားလာတော့၏။

ပစ္စည်းတွေကို ပို့်မယ်ဆို deliveryက အလွန်ဆုံး ၃ရက်ကနေ ၇ရက်သာကြာသည်။ အခုတော့ သူမက သူ့အတွက် ဘာလက်ဆောင်မှ ပြင်ဆင် မထားဘူးဆိုတာ သိသာလို့နေလေပြီ။

သူမရဲ့ အချိုသပ်တဲ့ စကားတွေက.....စကားလုံးတွေ သာသာပဲ! သူမက သူ့အပေါ် ဘာခံစားချက်မှ ရှိမနေဘူး။ မဟုတ်ဘူး သူမက အစတည်းက သူ့ကို ကြိုက်တောင် မကြိုက်ခဲ့တာ။ အစားအသောက်လေးတောင် သူနဲ့ မျှဝေစား‌ပေးဖို့ မတတ်နိုင်လောက်‌အောင်ထိ သူမက သူ့ကို ဂရုမစိုက်ပါဘူး....

ထိုအတွေးတွေက ဟော်ပေ့ချန် စိတ်ထဲ နေရာယူလာတဲ့အခါ မိနစ်ပိုင်းအတွင်း သူ့ဒေါသတို့က ပေါက်ကွဲလုမတတ် ဖြစ်လာတော့၏။

ထိုအရာ မြင်နေရတဲ့ နင်မုန့်ကတော့ မကူမကယ်နိုင်စွာပဲ ကြောက်လွန်း၍ ကျောရိုးတစ်ခုလုံး စိမ့်လာလေသည်။ သူမရဲ့ "ဘုရင်ကြီးချန်" က ကြည့်လိုက်ရုံနဲ့တောင် အခု ကြောက်ဖို့ကောင်းနေပြီ!

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Wo Geschichten leben. Entdecke jetzt