178[U&Z]

1.4K 154 8
                                    

[Unicode]

လီဟောက်ကျယ်ကို ကျေးဇူးတင်ရမလို အခုအချိန်မှာတော့ #လင်းချင်ပေ့Xလျူယင်း# ဆိုတာက hot searchထဲမှ တော်တော် ဝေးဝေးကို ရောက်သွားလေ၏။ သေချာပေါက်တော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖယ်ရှားနိုင်မှာ မဟုတ်ပေ။

ခနကြာတဲ့အခါ ပြိုင်ပွဲက စတင်လေပြီ။

နင်မုန့်နဲ့ ကျန်းရှန့်မေကလည်း VIPထိုင်ခုံတွေမှာ နေရာယူလိုက်ပြီး သူတို့ရဲ့ နားစည်တွေကို ခမ်းနားတဲ့ ဘူဖေးနဲ့ ကျွေးမွေးရန် ပြင်ဆင်လိုက်သည်။

ဒီတ‌ခေါက်မှာတော့ ပြိုင်ပွဲ၀င်သူတိုင်းက သူတို့ အကောင်းဆုံး ကြိုးစားကြလေ၏။ အချို့ဆို ပွဲကြည့်ပရိတ်သက်တွေကို သူတို့ရဲ့ အချစ်သီချင်းတွေနဲ့ မျက်ရည်ကျလောက်အောင်ကို ရူးသွပ်သွားစေသည်။ စုထျန်းထျန်းလည်း ကောင်းမွန်စွာ ဖျော်ဖြေနိုင်ပြီး လတွေတိုင်း လေ့ကျင့်ထားခဲ့တဲ့ သူမရဲ့ အရည်အချင်းကို ချပြလေ၏။

ကျန်းရှန့်မေက သက်ပြင်းချလိုက်ပြီး "သူမက လင်းချင်ပေ့ထက်တောင် ပိုပြီး နာမည်ကြီးတယ် ပြီးတော့ အခုလည်း စင်ပေါ်မှာ သူမရဲ့ ခိုင်မာတဲ့ အရည်အချင်းတွေကို ပြနေပြီ။ ပထမနေရာ ဘယ်သူရမလဲဆိုတာ ပြောဖို့ ခက်သွားပြီ"

နင်မုန့်ကလည်း သဘောတူညီစွာ ခေါင်းညိမ့်ပြသည်။

အဆုံးမှာတော့ နောက်ဆုံးပြိုင်ပွဲ၀င်သူ လင်းချင်ပေ့က သားရေဂျက်ကက်ကို ၀တ်ဆင်ထားရင်း စင်ပေါ်သို့ လျှောက်လှမ်းလာသည်။ အရည်ချင်း ပြည့်၀တဲ့ အကနှင့် စွဲမက်ဖွယ် ကောင်းလှတဲ့ သီချင်းဆိုမှုတို့ကို ပေါင်းစပ်ပြီး သူ့ရဲ့ လတ်တလော albumထဲမှ အကောင်းဆုံး သီချင်းကို ဖျော်ဖြေခဲ့ပြီး လူအုပ်ကြီးကို ပွက်လောရိုက်သွားအောင် လုပ်နိုင်ခဲ့၏။

မကြာခင်မှာပဲ "Throne of Songs"ရဲ့ ယှဉ်ပြိုင်မှု ပြီးသွားသလို ၀န်ထမ်းတွေကလည်း ချက်ချင်းပဲ မဲရေတွက်တဲ့ လုပ်ငန်းကို စလုပ်ကြသည်။

ရလဒ်ကို စောင့်နေစဉ်မှာ တင်ဆက်သူက ဒီအခုတခေါက်ပြိုင်ပွဲ‌နှင့် ပတ်သက်ပြီး အမြင်ကို လူထုထံ ဖျော်ဖြေပေးနေလေ၏

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now