[Unicode]
ချီရှန် : [ဘော့စ်တောင် မရှိတဲ့အချိန်ကြီးကို မင်းက ဘာလို့ ဒါတွေ ပြောနေရတာလဲ။ ငါက မင်းလို မျက်နှာချိုသွေးတတ်တဲ့ လူမဟုတ်ဘူးနော်။ ကုမ္ပဏီတွေ အများကြီးက လစာ အမြင့်ကြီးနဲ့ ငါ့ကို လာကမ်းလှမ်းကြတာ ဒါပေမယ့် ဘော့စ်က ငါ့ကို လက်မလွှတ်နိုင်ဘူးလေ။ ငါက မင်းနဲ့ မတူဘဲ အရမ်း အလုပ်ကြိုးစားတဲ့ ဉာဏ်ကြီးရှင် မို့လေ!]
ထိုအရာကို မြင်လိုက်တဲ့အခါ ဟော်ပေ့ချန် အလိုအလျောက် ရှော့ရသွားသည် : [ဘယ်သူက ဘယ်သူ့ကို လက်မလွှတ်ချင်တာလဲ?]
ချီရှန်က စာပြန်လိုက်သည် : [ဘရို ဖေးပိုင် ဘာလို့ အဲ့လိုကြီး ပြောရတာလဲ? အခုပုံစံက မင်းရဲ့ ပုံစံနဲ့တောင် မတူဘူးဘူး!]
"…"
ထိုစာပို့ပြီး မကြာခင်မှာပဲ သူ့စိတ်အတွင်းထဲမှာ မြည်တမ်းနေတဲ့ အသံတွေကို ချီရှန် ကြားလိုက်ရသည်။ ပြီးတဲ့နောက်မှာတော့ အလျင်အမြန်ပဲ ဖုန်းခေါ်လိုက်၏။
ဟော်ပေ့ချန်ကတော့ မတင်မတကျစွာနဲ့ ဖုန်းကိုင်လိုက်တဲ့အခါ တဖက်မှ စိတ်လှုပ်ရှားနေတဲ့ အသံကို ကြားလိုက်ရသည်။ "ဘော့စ် ကျွန်တော် မှားသွားပါတယ်! ကျွန်တော်ကသာ ဘော့စ်ကို လက်မလွှတ်နိုင်တဲ့လူပါ!]
ဟော်ပေ့ချန်က တည်ငြိမ်စွာပဲ မေးလိုက်သည် : [တခြား ကုမ္ပဏီတွေက မင်းကို လစာအများပြီးနဲ့ ကမ်းလှမ်းလာတယ်?]
"အကယ်၍ သူတို့က ဘိုးဘေးတွေနဲ့ တိုင်တည်လည်း ကျွန်တော် မထွက်သွားဘူး! ၁ဘီလီယံနဲ့ လာကမ်းလှမ်းရင်တောင်မှ ထွက်မသွားဘူး! ကျွန်တော့ဘ၀ တစ်လျှောက်လုံး ဘော့စ်နောက်ကိုပဲ လိုက်နေမှာပါ! တကယ်လို့ ဘော့စ်က ၁ဆိုရင်တောင် ကျွန်တော် ဘယ်တော့မှ ၂လို့ပြောမှာ မဟုတ်ဘူး!"
ဟော်ပေ့ချန်က တိတ်ဆိတ်စွာပဲ ရယ်လိုက်ပြီး ကျီစယ်လိုက်သည် "အဲ့လောက်တောင် နာခံတာလား?"
"ဟုတ်ပါတယ်!"
"ဒါဆိုလည်း ငါ့အတွက် ဒါကိုလုပ်ပေး"
-
နောက်တနေ့ မနက်မှာ အိမ်တံခါးခေါက်သံကြောင့် နင်မုန့် နိုးလာလေ၏။ အိပ်တဝက်နိုးတဝက် အခြေအနေနဲ့ပဲ သူမ တံခါးကို သွားဖွင့်လိုက်သည်။ တံခါးရှေ့မှာ ရပ်နေတဲ့ ချီရှန်ကို တွေ့လိုက်ရတဲ့အခါ သူမ မျက်နှာက တောင့်တင်းသွားပြီး ရှုပ်ထွေးစွာပဲ သူ့ကို ကြည့်လိုက်သည်။
YOU ARE READING
[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ
RomanceTitle-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story and i'm just a translator who love this novel. I give all credit to ORIGINAL AUTHOR 'Young Master Yan'