174[U&Z]

1.5K 167 2
                                    

[Unicode]

နင်ဝမ့်ထောင်က ပျော်ရွှင်စွာ ပြောလာ၏။ "မုန့်မုန့် ဒါကို သိလား? Shifting to Marsရဲ့ စုစုပေါင်း ရုံဝင်ငွေကို ဒီနေ့ပဲ ကြေညာလာတယ် ၆.၇ဘီလီယံတောင်မှတဲ့! ဟွားရှရဲ့ စံချိန်ကို သမီး ချိုးနိုင်ခဲ့ပြီ!"

နင်မုန့် မျက်ဝန်းတွေက တောက်ပသွားပြီး "မဆိုးဘူးပဲ"

မူရင်းစာအုပ်ထဲမှာ ရုပ်ရှင်က လုံးလုံး နာမည်ကြီးပေမယ့် ၃.၅ဘီလီယံသာ ရရှိခဲ့တာ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နင်မုန့်က ပိုက်ဆံပိုသုံးပြီး ရင်းနှီးမြှုပ်နှံလိုက်တဲ့အခါ ရုံဝင်ငွေကပါ နှစ်ဆဖြစ်လာခဲ့သည်။

နင်ဝမ့်ထောင်က ထပ်ပြောလာသည်။ "ငါတို့ ကုမ္ပဏီက အဲ့ရုပ်ရှင် တစ်ခုတည်းနဲ့ ၁၀ဘီလီယံကျော်ထိတောင် ရှာနိုင်ခဲ့တာ။ အခု အဖေ စဉ်းစားနေတာ တကယ်လို့ သမီး သူနဲ့ ကွာရှင်းလိုက်မယ်ဆိုရင်တောင် ပိုက်ဆံရှိနေဦးမှာပဲ!"

နင်မုန့် နှုတ်ခမ်းတို့ တချက်တွန့်သွားသည်။ သူမက ခေါင်းစဉ်ကို ပြောင်းလိုက်ပြီး နာမည်စာရင်းပေါ်က လီရှီးယောင်ရဲ့ နာမည်ကို ထိုးပြကာ "ဘာလို့ သူမက အထုတ်ခံထားရတာလဲ?"

နင်ဝမ့်ထောင်က တချက်ကြည့်လိုက်သည်။ သူမက လှပတဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်၏။ သူကတော့ သာမန်လိုသာ ပြောလိုက်သည်။ "သူမက အရမ်း အိုနေပြီ"

နင်ဝမ့်ထောင် ပြောလာတဲ့ ပုံစံက အသက်နဲ့ပတ်သက်ပြီးလည်း အရမ်းစိတ်ထဲထားသည့်ပုံ မပေါ်ဆိုတာ ခန့်မှန်းနိုင်၏။

နင်မုန့်က တိုက်ရိုက်ပဲ လိုရင်းပြောလိုက်သည်။ "သူမကို နေခွင့်ပေးမယ်"

"ရတယ်"

လီရှီးယောင်အတွက် မကောင်းတဲ့ အေးဂျင့် စီစဉ်ပေးမှာ စိုးတာကြောင့် နင်မုန့်က ချက်ချင်းပဲ ဆက်ပြောလိုက်သည်။ "သမီးကို အေးဂျင့် တာဝန်ပေးပြီး သူ့ကို လွှဲပေး။ သမီး သူမရဲ့ အေးဂျင့်လုပ်မယ်"

ဖျော်ဖြေရေးကုမ္ပဏီမှာ လင်းချင်ပေ့ တစ်ယောက်တည်း ရှိရုံလောက်နဲ့ မလုံလောက်ပေ။

အခုလိုမျိုး ကိစ္စတွေ မဖြစ်လာခင်တုန်းက နင်မုန့်အနေနဲ့ လျူယင်းကို စဉ်းစားထားတာဖြစ်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Waar verhalen tot leven komen. Ontdek het nu