97[U&Z]

3.1K 368 2
                                    

[Unicode]

အပြင်သို့ ထွက်လိုက်မယ် ပြင်လိုက်ရင်ပဲ အစေခံက လက်ဆောင်ပစ္စည်းဘူးနဲ့အတူ ၀င်လာ၏။ "ပစ္စည်းတွေအကုန် အိမ်ထဲသယ်ဖို့ လူအနည်းငယ်လောက် လိုပါသေးတယ်"

ချောင်ရွှယ်ဟွာရဲ့ အပြုံးက ပိုပိုပြီး ပီပြင်လာလျက် "လာချင်ရင် ဒီအတိုင်းလာတာ မဟုတ်ဘူး။ ဘာကြောင့်များ လက်ဆောင် အများကြီး ယူလာရတာတုန်း မသိဘူး"

စုထျန်းထျန်းသည်လည်း စိတ်သက်သာရာ ရသွားသလို နင်မုန့်ကို အေးစက်စွာ ကြည့်လိုက်ပြီး ၀မ်းသာအားရ လှောင်ပြောင်လိုက်သည်။ "ဒီလာတာ သူ့ရဲ့ ပထမဆုံး အကြိမ်ဆိုတော့လည်း နည်းနည်းပိုပြီးတော့ သတိထားဖြစ်တာ နေမှာ"

‌နင်၀မ့်ထောင်က သူ့အတွေးမှာပဲ နစ်နေပေမယ့် ချောင်ရွှယ်ဟွာက ကြားဖြတ်ပြောလိုက်သည်။ "မုန့်မုန့် မစ္စတာဟော်က အခုထိ မလာဘူးမလား။ အတိတ်က နင်တို့ ဆက်ဆံရေး အဆင်မပြေခဲ့လည်း ကိစ္စမရှိပါဘူး ပြီးခဲ့တာတွေကတော့ ပြီးပါစေတော့‌။ အခုက ပြန်အဆင်ပြေပြီပဲဟာ အနည်းဆုံး တစ်ခါလောက်တော့ သူ့အနေနဲ့ ဒီလာသင့်တယ်လို့ နင် မထင်ဘူးလား"

သူမ ပြောပြီးသည်နှင့် နင်၀မ့်ထောင်က ကြည့်လာတဲ့အခါ အလျင်အမြန်ပဲ ရှင်းပြလိုက်သည်။ "ကျွန်မပြောတာ မဟုတ်လို့လား ၀မ့်ထောင်။ သားမက်တစ်ယောက် အနေနဲ့ သူ့ယောက္ခထီးကို လေးစားမှု တစ်ချို့တော့ ပြသင့်တာပေါ့"

“…”

လက်ထပ်ပြီးသွားချိန်တည်းက နင်မုန့်က သီးခြားနေခဲ့တာ ဖြစ်သည်။ ဟော်ပေ့ချန်ကလည်း တကြိမ်လေးတောင် လာမလည်ခဲ့ဖူးပေ။ နင်၀မ့်ထောင် မျက်နှာက ပို၍ပင် မဲမှောင်လာ၏။ သူ့အ‌နေနဲ့ လီရိချန်ကို လေးစားတာကြောင့်သာ မဟုတ်ရင် စုထျန်းထျန်းကို ကန်ထုတ်ပြီး ဖြစ်သည်။ ကိုယ့်သားမက်နဲ့လာပြီး ရှိုးပြချင်နေသေးတယ်!

သူကတော့ အေးစက်စွာသာ မှတ်ချက်ပြုလိုက်သည်။ "လူကိုယ်တိုင်တောင် လာနေပြီပဲကို ဘာလို့များ လက်ဆောင် အများကြီး ယူလာရတာလဲ။ ဒီဟာတွေအကုန် ငါတို့ မ၀ယ်နိုင်လောက်အောင် ဆင်းရဲတယ်ဆိုတဲ့ အဓိပ္ပာယ် ပြောချင်နေတာလား!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now