[Unicode]
နင်မုန့်က social mediaတွေ သိပ်မသုံးဖြစ်တာကြောင့် ထိုအချိန်ခန အမျိုးမျိုးသော social media platformsတွေမှာ ကြီးမားတဲ့ အဖြစ်အပျက်ကြီး ဖြစ်နေတာကို မသိလိုက်ပေ။
လူတိုင်းက "Shifting to Mars"ရဲ့ အထူးပြုလုပ်ချက်တွေ၊ သရုပ်ဆောင်ပိုင်း နဲ့ ဇာတ်ညွှန်း ဘယ်လောက်ကောင်းကြောင်း အမွှန်းတင်နေကြသည်။ ဒီဇာတ်လမ်းက ငွေအများကြီးသုံးကြတဲ့ Hollywood ဇာတ်လမ်းတွေကိုတောင် အမှီလိုက်နိုင်တဲ့အထိ ပြီးပြည့်စုံတယ်!
ဒါကြောင့်ပဲ ကြည့်ရှူသူများက အံ့ဩနှစ်ခြိုက်ကြသလို အမျိုးမျိုးသော အမြင်တွေကို ချပြကြ၏။ Doubanရှိ ရုပ်ရှင်ရဲ့ scoreကလည်း 8.8တောင် ဖြစ်လာလေသည်။
တဖက်မှ "The Hero"ကတော့ သိပ်ပြီး မကျော်ကြားပေ။ လူအများက ဇာတ်လမ်းရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေကို ထောက်ပြနေချိန်မှာ စုထျန်းထျန်းရဲ့ ပရိတ်သက်တွေကသာ ဇာတ်လမ်းကို ချီးကျူးနေကြတာ ဖြစ်သည်။ အမှန်တော့ "The Hero" ကောင်းနေတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက စုထျန်းထျန်းရဲ့ ပါဝင်လာမှုကြောင့်သာ ဖြစ်သည်။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ် ဆိုပေမယ့် သရုပ်ဆောင် တစ်ယောက်တည်းနဲ့ ရုပ်ရှင်တစ်ကားလုံး ကောင်းအောင် မစွမ်းဆောင်နိုင်ပေ။
ဟောက်အိပ်နေတဲ့ နင်မုန့်နဲ့ မတူစွာပဲ ထျန်းရှင်း Entertainmentက ဝန်ထမ်းတွေကတော့ negative reviewsတွေကို ဖိနှိပ်နိုင်ဖို့အတွက် သူတို့လုပ်နိုင်သမျှ အရာအားလုံးကို လုပ်လို့နေကြသည်။ ထိုအချိန် စုထျန်းထျန်းသည်လည်း သူမရဲ့ အခြေအနေတိုင်းက ဆိုးဆိုးလာသည်ဆိုတာကို သဘောမပေါက်သည့်အလား နှစ်ခြိုက်စွာ အိပ်မောကျလို့ နေ၏။
ထိုအခြေအနေတွေ အဖြစ်ခင်ကတောင် စုထျန်းထျန်းက ကြွေးကျော်လို့ နေသေးသည်။ "သိပ်ပြီး လူသိမများတဲ့ ရုပ်ရှင်ကပဲ 100% positive ရချင်ရလိမ့်မယ်။ တဖက်က ငါတို့က တကယ့်ရုပ်ရှင်ကောင်းကို ဖန်တီးနေတာမို့ hatersအနည်းငယ် ရှိလာမှာက သဘာဝပဲ။ ဒါတွေက အရေးမကြီးပါဘူး ရုံဝင်ငွေစာရင်း နောက်ဆုံး ရလဒ်ထွက်လာတဲ့အခါ အားလုံးရှင်းသွားလိမ့်မယ်"
![](https://img.wattpad.com/cover/236618437-288-k217865.jpg)
YOU ARE READING
[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ
RomanceTitle-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story and i'm just a translator who love this novel. I give all credit to ORIGINAL AUTHOR 'Young Master Yan'