Description

48.5K 2.6K 61
                                    

Unicode

ရေသူလေး စုန့်ဟွိုင်ဟာ သူ့ရဲ့ခေါင်းကိုအပြင်းအထန်ခိုက်မိပီးနောက်မှာတော့ သူရှင်သန်နေတဲ့နေရာက ၀တ္ထုတပုဒ်ဖြစ်နေတာကို သိလိုက်ရသလို
သူအမြဲတမ်းကြိတ်ကြိုက်ခဲ့ရတဲ့ အကိုကြီးကလည်း ၀တ္ထုရဲ့အဓိကဇာတ်လိုက်ဖြစ်နေတာကိုသိလိုက်ရသည်။
သူဆိုသည်မှာလည်း ဇာတ်လိုက်နဲ့လက်ထပ်ခွင့်မရခဲ့ရုံတင်မကဘူး၊အိမ်ကပါစွန့်ပစ်ခြင်းခံရတဲ့ အမြှောက်စာဇာတ်ရံကောင်လေးဖြစ်နေခဲ့သည်။

ရေသူလေးရဲ့မူလက လက်ထပ်ရမယ့်ကြင်ဖော်က လုမျန်လို့ခေါ်တဲ့တော်ဝင်ရေတပ်ဗိုလ်ချုပ်တယောက်ဖြစ်ပီး သူကအကြင်နာမဲ့ သွေးဆာနေတဲ့ယောကျာ်း၁ယောက်ဆိုတဲ့နာမည်နဲ့ ကျော်ကြားတယ်။
သူ့ရဲ့အသက်ကလေးဆက်လက်ရှင်သန်ဖို့အတွက် စုန့်ဟွိုင်လေးကဆုံးဖြတ်ချက်ဒုန်းဒုန်းချလိုက်ပါတယ်။

နံပါတ်၁-အဓိကဇာတ်လိုက်နဲ့​ဝေးနိုင်သမျှ​ဝေး​ဝေးနေပီး သူ့ဘေးမှာတဝဲလည်လည်သွားလုပ်မနေဘဲ ကွကိုယ်သေတွင်းတူးရာမှရှောင်ရှားရန်

ပထမမှာတော့ ဗိုလ်ချုပ်ကသူ့ကိုမတွေ့ချင်ဘူးလို့ အေးစက်စွာပြောလာခဲ့တယ်။
ရေသူလေးကလည်း သတ္တိကောင်းတယ်ဆိုရမည်။
သူက ဗိုလ်ချုပ်ရဲ့အင်္ကျီအနားစကို လက်ကလေးနဲ့ဆွဲလိုက်ပီး သူ့မျက်နှာလေးကိုမော့လိုက်ကာ ညင်သာတဲ့လေသံလေးနဲ့
"ဟိုလေ ကျ ကျနော့အမြီးကိုထိကြည့်ချင်လားဟင်"

ကောင်လေးက ချစ်ဖို့ကောင်းလွန်းလို့ဗိုလ်ချုပ်ခမျာ နှာခေါင်းသွေးတွေပါ လျှံကျလာခဲ့ပါတယ်။

လက်မထပ်ခင်

လုမျန်-မင်းဘာသာမင်း ဘယ်သူ့ကိုကြိုက်ကြိုက် အရမ်းတော့စည်းမလွန်လာနဲ့။

စုန့်ဟွိုင်-ဟုတ်ကဲ့ပါ

လုမျန်-ငါတို့ကဒီတိုင်းလက်ထပ်ထားရုံဆိုတော့ အခန်းခွဲအိပ်ရင်ကောင်းမယ်

စုန့်ဟွိုင်-ဟုတ်ကဲ့ပါ

လက်ထပ်ပီးနောက်

လုမျန်-တုတုကဘာလို့အခြားကောင်တွေကိုကြည့်နေရတာလဲ၊သူကအဲ့ခွေးကောင်ကို ကြိုက်နေတုန်းပဲလား

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now