Chapter-{43}

10.1K 1.9K 224
                                    

Unicode

ကျွန်တော်အပေါ်ကနေ ဦးဆောင်ကြည့်မယ်လေ

လုမျန်က မူးပြီးပရမ်းပတာလျှောက်ပြောနေတဲ့ကောင်လေးရဲ့စကားတွေကို နားမလည်တာကြောင့် ခေါင်းငုံ့ပြီးနောက်တစ်ခေါက်ထပ်မေးလိုက်သည်။

ဒါပေမယ့် အမူးသမားလေးကတော့ပြောချင်ရာပြောပြီး လုမျန်ရဲ့လက်မောင်းထဲမှာအိပ်ပျော်သွားလေသည်။
လုမျန်ကတော့ ကူရာမဲ့စွာပဲ စုန့်ဟွိုင်ရဲ့ခေါင်းလေးကို လက်နဲ့အသာထိန်းထားလိုက်သည်။

သူ့နှလုံးသားကလည်း နူးညံ့ပျော့ပျောင်းနေမိသည်။
ထို့နောက် အိမ်ပြန်ရောက်တော့ စုန့်ဟွိုင်ကိုအခန်းဆီသယ်သွားပြီး သူကတော့သူ့အခန်းသူပြန်ကာ အ၀တ်အစားလဲလိုက်သည်။
အ၀တ်အစားလဲပြီး ကောင်လေးရဲ့အခန်းဆီပြန်လာချိန် အခန်းထဲမှာကောင်လေးမရှိတော့ပေ။

ထို့နောက် ရေချိုးခန်းထဲမှ အသံတချို့ကြားလိုက်ကာ ရေချိုးခန်းတံခါးကလည်း တမင်ဖွင့်ထားသလိုမျိုးဖြစ်နေသည်။
ရေချိုးခန်းကြမ်းပြင်မှ ကြွေပြားကလည်းမီးရောင်ကြောင့်ပြောင်လက်နေသည်။
လုမျန်လည်း မသိလိုက်ခင်မှာပဲ ရေချိုးခန်းတံခါးရှေ့ကိုရောက်သွားပြီဖြစ်သည်။

အရင်တစ်ခေါက် စုန့်ဟွိုင်ရဲ့သရုပ်မှန်က ရေသူဆိုတာပေါ်သွားပြီးနောက် လုမျန်က စုန့်ဟွိုင်၃ကိုယ်စာလောက်ကျယ်တဲ့ ရေချိုးဇလုံတစ်ခုလုပ်ပေးထားသည်။

အခုတော့ စုန့်ဟွိုင်က ထိုရေဇလုံထဲမှာပျော်ရွှင်စွာ ရေကစားနေသည်။
ရေချိုးခန်းထဲ၀င်လာတဲ့လုမျန်ကိုလည်း အမူးသမားရေသူလေးက ပါးပြင်တွေနီရဲကာ ရီဝေဝေအကြည့်နဲ့ကြည့်နေသည်။

စုန့်ဟွိုင်ရဲ့လက်တွေက ရေချိုးဇလုံဘောင်အစွန်းကိုကိုင်ထားပြီး သူ့အမြီးကတော့ ရေထဲမှာလှုပ်ရှားရိုက်ခတ်နေသည်။
ထို့နောက် စုန့်ဟွိုင်ကလုမျန်ကို ဖြူစင်ရိုးသားလှတဲ့အကြည့်မျိုနဲ့ကြည့်လိုက်သည်။

သူ့အသံကအလွန့်အလွန်နူးညံ့နေကာ
"ခပ်ချောချောကိုကိုရေ တုတု့အမြီးကိုလာထိကြည့်ပါလားဟင်"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now