Chapter-{30.1}

10K 2K 52
                                    

Unicode

ဇနီးလေးနဲ့တွေ့ဖို့ မစောင့်နိုင်တော့တဲ့ဗိုလ်ချုပ်ကြီး

စုန့်ဟွိုင်ကဆွံ့အသွားပြီး ဆက်သွယ်ရေးကိရိယာမှနာမည်ကိုကြည့်ကာ ကြောင်အအနဲ့ပြောလိုက်သည်။
"ငါ့ခင်ပွန်းလောင်းနဲ့"
လီဇီချင်းရဲ့မျက်နှာက ထိန်းမရအောင်ပျက်သွားပြီး
"မင်းရဲ့ခင်ပွန်းလောင်း ဟုတ်လား...မင်းဘယ်တုန်းက...မဟုတ်မှ မင်းချစ်သူကိုဆိုလိုတာလား"
တကယ်က ချစ်သူတော့မဟုတ်ဘူး...
စုန့်ဟွိုင်ကအတွန့်တက်ချင်ပေမယ့် အသာငြိမ်နေလိုက်သည်။

လီဇီချင်းရဲ့အသံကဖျော့တော့ပြီး ဟန့်တားချင်တဲ့အမူအရာနဲ့စုန့်ဟွိုင်နားကိုကပ်လာကာ
"စုန့်ဟွိုင် မင်းဘယ်တုန်းကချစ်မိသွားတာလဲ"
အရင်ကသူလိုက်တွယ်ကပ်နေတဲ့ လုချန်းဇယ်ကရော...
လီဇီချင်းက စုန့်ဟွိုင်ရဲ့သူငယ်ချင်းကောင်းဖြစ်တာကြောင့် စုန့်ဟွိုင်မလှည့်စားချင်ပေ။
ထို့ကြောင့်
"လုချန်းဇယ်ကိုမေ့လိုက်ပြီးမှ ချစ်မိသွားတာ"

အဲ့လိုတွေဖြစ်သွားတာကိုး...
စုန့်ဟွိုင်က ဘယ်တုန်းက...
အဲ့လူက ဘယ်သူလဲ...
သူဘာလို့ အဲ့လူကိုသတိမထားမိရတာလဲ....
လီဇီချင်းမှာမေးချင်တဲ့မေးခွန်းတွေအများကြီးရှိနေသည်။
သူတို့နားကဖြတ်သွားတဲ့လုချန်းဇယ်က သူတို့အခြေအနေကိုကြည့်ပြီး သူတို့ဆီပြန်လျှောက်လာသည်။

လီဇီချင်းက အနဲငယ်ဒေါသထွက်နေပုံရပြီး အံတွေလည်းကြိတ်ထားကာ သူ့ရဲ့အမူအရာကနာကျင်ခံစားနေရသည့်ဟန်။
စုန့်ဟွိုင်အနေနဲ့ သူချစ်သူရှိတာနဲ့ လီဇီချင်းရဲ့အမူအရာတွေအဲ့လိုဖြစ်သွားတာကိုလုံး၀နားမလည်ပေ။
လီဇီချင်းကလည်း အဖွဲ့လိုက်အတန်းချိန်ရှိနေသေး၍ ခဏတာမေ့ဖျောက်လိုက်သည်။
စုန့်ဟွိုင် လီဇီချင်းကိုကြည့်လိုက်တော့ တဖက်လူရဲ့အပြုအမူကအရမ်းရှုပ်ထွေးနေတာကိုတွေ့လိုက်ရသည်။

စုန့်ဟွိုင်ကတော့ ဒီနေ့အတန်းချိန်ပြီးရင် ငရဲလိုထရိန်နင်ကြီးပြီးဆုံးတော့မှာမို့ပျော်နေကာ ဆယ်စတာဂြိုဟ်မှအမြန်ပြန်ချင်စိတ်တွေဖြစ်နေသည်။
သူ့ပါးပါးရယ် မာမားရယ် ဘိုးဘိုးရယ် ကုရန်ရယ်အပြင် သူ့အမ၀မ်းကွဲတွေကိုပါလွမ်းနေပြီ။
သူအလွမ်းဆုံးလူကတော့ သေချာပေါက်လုမျန်ပေါ့လေ...
သူအတန်းချိန်ပြီးလို့အဆောင်ခန်းထဲရောက်ရောက်ချင်း လုမျန်ဆီဗီဒီယိုကောလ်ခေါ်လိုက်သေးသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now