Chapter-{38}

11.8K 1.9K 208
                                    

Unicode

စကေးကျွမ်းတဲ့ဗိုလ်ချုပ်ကြီး

လုမျန်က စုန့်ဟွိုင်ပြုတ်ကျသွားမှာစိုးလို့ဖက်လိုက်တော့ စုန့်ဟွိုင်ကလုမျန်ရဲ့ပေါင်ပေါ်မှာခွထိုင်ရက်သားလေးဖြစ်သွားသည်။
၂ယောက်သားက မျက်နှာချင်းဆိုင်ကာတစ်ယောက်မျက်နှာတစ်ယောက် မလွတ်စတမ်းကြည့်နေမိသည်။
အမူးသမားလေးတုတုက ရုတ်တရက်လုမျန်မျက်နှာကိုလက်၂ဖက်နဲ့အုပ်ကာ လုမျန်ရဲ့ပါးပေါ်အာဘွားပေးလိုက်သည်။

နမ်းပြီးတော့မှ ဘေးဘီဘယ်ညာကြည့်လိုက်ပြီးမျက်၀န်းနက်နက်လေးတွေကလုမျန်ရဲ့မျက်နှာဆီတစ်ဖန်ပြန်ကြည့်လာပြန်သည်။
နောက်တော့ စုန့်ဟွိုင်ရဲ့မျက်၀န်းတွေကကြယ်လေးတွေလိုတဖျတ်ဖျတ်လက်ကာ ကျေနပ်နေတဲ့အသံလေးနဲ့
"ကိုကိုက အရမ်းချောတာပဲ"
လုမျန်ရဲ့မျက်နှာကမှောင်မိုက်သွားကာ ခေါင်းငုံ့ပြီးကောင်လေးရဲ့နားဆီကပ်ကာအံကြိတ်သံနဲ့
"မင်းက ကိုယ့်မျက်နှာကိုပဲကြိုက်တာလား"

"မဟုတ်ပါဘူးနော်"
လုမျန်ရဲ့အသက်ရှူငွေ့က စုန့်ဟွိုင်ရဲ့နားဆီရိုက်ခတ်နေတာကြောင့် စုန့်ဟွိုင်ယားကျိကျိဖြစ်ကာခေါင်းစောင်းလိုက်သည်။
ကောင်လေးရဲ့ 'မဟုတ်ဘူး'ဆိုတဲ့စကားကြောင့် လုမျန်မျက်နှာကအနဲငယ်ပြေလျော့သွားသည်။
ဒါပေမယ့် ကောင်လေးကလုမျန်ရဲ့၀မ်းဗိုက်ကြွက်သားတွေကိုပွတ်သပ်နေရင်း
"အဲ့ဒီဘော်ဒီတောင့်တောင့်ကိုလည်း ကြိုက်တယ်ရယ်"

လုမျန်-...........

ကားက ဗီလာဆီမရောက်မချင်းလမ်းတစ်လျှောက်လုံး လုမျန်တစ်ယောက်သူ့ကိုယ်အားလိုက်ပွတ်သပ်နေတဲ့ကောင်လေးလက်တွေကိုအတော်လေးထိန်းနေရသည်။
သူ ကားပေါ်မှဆင်းဖို့ပြင်တော့ စုန့်ဟွိုင်ကမကျေမနပ်ဖြစ်ကာ လုမျန်ပွေ့ချီတာကိုလည်းငြင်းဆန်ပြီး
"ဟွန့် ဘာလို့ထိလို့မရတာလဲလို့...ကျွန်တော်ထိချင်တယ်ဆို...ထိချင်တယ်လို့"

ကားထဲမှာကန့်လန့်ကာတပ်ထားတာကြောင့်မမြင်ရပေမယ့် စုန့်ဟွိုင်ရဲ့စကားသံကိုကြားရတာကြောင့်အတွင်းရေးမှူးခမျာကြက်သီးတွေထပြီးတောင့်တင်းသွားသည်။
လုမျန်ကတော့ မူးနေတဲ့ကောင်လေးကိုချော့မြှူရုံမှတစ်ပါး
"ကိုယ်တို့အိမ်ပြန်ရောက်နေပြီ...ကားပေါ်ကအရင်ဆင်းရအောင်လေနော်"

"ဆင်း၀ူး ဆင်း၀ူး"
စုန့်ဟွိုင်က ကားထိုင်ခုံမှာလူးလွန့်ရုန်းကန်နေပြီး
"တုတုကားပေါ်ကမဆင်းချင်ဘူး...အဲ့တာပဲထိချင်တယ်...ထိချင်တယ်လို့"
ထို့နောက် ရုတ်တရက်လုမျန်ကိုကြောက်ဖို့ကောင်းတဲ့မျက်နှာပေးနဲ့ကြည့်ကာ
"တုတုကို ပေးထိမှာလား ပေးမထိဘူးလား ပြော"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now