Chapter-{9}

13.1K 2.4K 121
                                    

Unicode

သူထင်သလိုပဲအရသာကချိုတယ်


လုချန်းဇယ်ရဲ့ကြင်နာတတ်တဲ့အပြုံးကိုမြင်လိုက်တော့ စုန့်ဟွိုင်တောင့်သွားသည်။
လုချန်းဇယ်ဘာတွေးတွေး သူနဲ့မဆိုင်ဘူး။
စုန့်ဟွိုင်အကြည့်တွေက လုမျန်ဆီကခွာလို့မရတာခက်တယ်။
ဒါမယ့် လုမျန်ရဲ့မျက်နှာထားကတော့ အရင်လိုအေးစက်မြဲပင်။

စုန့်ဟွိုင်နဲနဲစိတ်မကောင်းဖြစ်သွားတယ်။
လုမျန်ကသူ့ကိုအဖက်မလုပ်ဘူး...
စုန့်ဟွိုင်စိတ်မကြည်ဖြစ်လာပီး လုချန်းဇယ်ကိုအာရုံတောင်မစိုက်ချင်တော့ပေ။
အာ ဒီမှာဂူရန်ရော လုမျန်ရောရှိနေတုန်း
လုချန်းဇယ်ကိုရှင်းအောင်ပြောရမယ်။

"ကျနော် အကို့ကိုထပ်မနှောင့်ယှက်တော့ဘူးလို့ပြောနေတာ"
စုန့်ဟွိုင်အဲ့လိုပြောလိုက်ပေမယ့်လည်း လုချန်းဇယ်ကြည့်ရတာ ယုံကြည်တဲ့ပုံမရပါ။
သူကနူးနူးညံ့ညံ့လေးတောင်ပြုံးလိုက်သေး။

အရင်တုန်းကလည်း စုန့်ဟွိုင်အဲ့လိုပြောဖူးတာပဲ။
ပီးတော့လည်း နောက်နေ့ရောက်ရင်သူ့နောက်ကိုလိုက်နေမြဲလိုက်နေဆဲပဲလေ။
အခြေအနေတွေက ကိုးရိုးကားရားဆန်လှသည်။

စုန့်ဟွိုင်လုမျန်နဲ့ထပ်ဆုံချိန် အခုလိုအဖြစ်အပျက်မျိုးနဲ့ကြုံရမည်အား မထင်မှတ်ထားပါ။
သူခေါင်းလေးစောင်းကာ စိတ်လှုပ်ရှားနေပီး နားရွက်လေးတွေလည်းနီရဲနေသည်။
လုချန်းဇယ်က စုန့်ဟွိုင်ကိုသူအရင်ကခေါင်းလေးပုတ်ပေးသလိုမျိုး လက်ဆန့်ထုတ်လိုက်သည်။

စုန့်ဟွိုင်က သူ့ခေါင်းကိုမထိစေချင်တာကြောင့်အနောက်ကို ခြေတလှမ်းဆုတ်လိုက်သည်။
လုချန်းဇယ်လက်က လေထဲမှာတန်းလန်းဖြစ်ကျန်ရစ်ကာ မျက်လုံးတွေထဲစိတ်မရှည်တဲ့အရိပ်အခြည်တွေ ဖြစ်ပေါ်နေပေမယ့်လည်း နှုတ်မှတော့ညင်ညင်သာသာအသံလေးနဲ့
"တုတု မင်းစိတ်ညစ်စရာရှိလို့လား"

စုန့်ဟွိုင်ကမျက်လုံးလှန်လိုက်ချင်ပေမယ့် လုမျန်ရှေ့မှာအိန္ဒြေမပျက်ချင်တဲ့အတွက်
"ဟင့်အင်း အခုမှသတိတရား၀င်သွားတာ"
လုချန်းဇယ်ပုံစံကလည်း ဘယ်လိုပြောပြောယုံမယ့်ပုံမပေါ်ပေ။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Tempat cerita menjadi hidup. Temukan sekarang