Chapter-{19}

13.1K 2.3K 84
                                    

Unicode

ကျနော့်ကိုနမ်းပါလား

*ဗီလာထဲ၌*
စုန့်ဟွိုင်ကအခန်းထဲမှာအိပ်ပျော်နေပီး အတွင်းရေးမှူးကအခန်းတံခါးကိုပိတ်ကာ လုမျန်ထံဖုန်းဆက်၍အစီရင်ခံသည်။
"ဒေါက်တာကျုံးခုနကလာကြည့်ပေးသွားပီး အခုတော့ ဗိုလ်ချုပ်ကတော်အိပ်ပျော်နေပါတယ်"
အတွင်းရေးမှူးမှာသူပြောလိုက်တဲ့အသုံးအနှုန်းကိုပြန်တွေးမိပီးရှက်သွားကာ အပ်ကျသံပင်ကြားနိုင်လောက်အောင် တိတ်ကျသွားသည်။
တိတ်လွန်းလို့ အတွင်းရေးမှူးခမျာသူ့အသက်ရှူသံပင်သူပြန်ကြားနေရသည်။
၂စက္ကန့်လောက်ကြာမှ တဖက်ကလုမျန်ဆီမှအသံထွက်လာသည်
"ကောင်လေး ငိုသေးလား"

အတွင်းရေးမှူးကတော့ သူဒေါက်တာကျုံးကိုခေါ်ပီးအလာ သခင်လေးတယောက်ကုတင်ပေါ်မှာအရုပ်ကြီးပိုက်ပီးခုန်ပေါက်နေတဲ့ပုံကိုပဲပြေးမြင်လိုက်သည်။
"ဟုတ် ငိုပါတယ်"
ပျော်လွန်းလို့၀မ်းသာအားရပုံနဲ့ပေါ့ဗျာ...
ဒီစကားကိုတော့ သူ့စိတ်ထဲမှာပဲပြောလိုက်ပါတယ်လေ...
တဖက်ကလုမျန်ရဲ့ သက်ပြင်းဖွဖွလေးချလိုက်သံကြားရတော့ အတွင်းရေးမှူးစပ်စုချင်လာသည်။
ဒီနေ့သူအခြားကိစ္စရှိနေလို့ လုမျန်နဲ့အတူရှိမနေတဲ့အတွက် ဘာတွေဖြစ်သွားလဲမသိခဲ့ရပေ။
"ဗိုလ်ချုပ်ကြီး စိတ်တော့မရှိပါနဲ့နော်၊ဗိုလ်ချုပ်ကတော် အဟမ်း သခင်လေးကဘာလို့အဲ့လောက်ငိုသွားတာလဲ"
ခဏအကြာမှာတော့လုမျန်က ဖြစ်ခဲ့တာကိုအကျဥ်းချုပ်ပြောပြလိုက်သည်။
အတွင်းရေးမှူးက
"အဲ့တော့ အတိုချုံးပြောရရင် ဗိုလ်ချုပ်ကြီးကသခင်လေးအတွက် တပ်ဗိုလ်ကျုံးနဲ့အတူလက်စွပ်သွား၀ယ်တာကို သခင်လေးကဗိုလ်ချုပ်ကြီးတို့ကို လက်ပူးလက်ကြပ်မိသွားတယ်ပေါ့"
"အင်း"
လုမျန်ကပြဿနာအကြောင်းအရင်းကိုတွေးမိကာ
"သူကအဲ့တာကြောင့် စိတ်ဆိုးသွားတာများလား"
နှစ်တသန်းလောက်FAသက်တမ်းရှိတဲ့လုမျန်ကြီးကတော့ ဘာဆိုဘာမှနားမလည်ပေ။
အတွင်းရေးမှူးက တချက်ရီလိုက်ပီး
"ဗိုလ်ချုပ်ကြီး ကိုယ်နဲ့စေ့စပ်ထားတဲ့ခင်ပွန်းလောင်းက အခြားတယောက်နဲ့အတူလက်စွပ်ရွေးနေတာတွေ့တဲ့သူတိုင်း စိတ်မဆိုးဘဲနေပါ့မလား။
ဘဟ်လောက်တိုက်ဆိုင်တယ်ပြောပြော နားလည်မှုလွဲတယ်ဆိုဆို သခင်လေးဘက်ကိုလည်းထည့်တွေးသင့်တယ်လေ။
ပီးတော့ လက်စွပ်လိုဟာမျိုးသွား၀ယ်ရင်ကိုယ့်ပါတနာကိုခေါ်သွားရမှာမဟုတ်ဘူးလား"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now