Chapter-{11}

12.9K 2.3K 41
                                    

Unicode

တုတုပျော်မနေဘူး


စုန့်ဟွိုင်ပြန်သွားပီးနောက် လုမျန်ကအတွင်းရေးမှူးအားဖုန်းခေါ်လိုက်သည်။
"ဗိုလ်ချုပ်ကြီး တခုခုများအလိုရှိပါသလား"
လုမျန်မျက်ခုံးကျုံ့လိုက်ပီး
"နောက်တခါဆို စကားတွေအများကြီးမပြောနဲ့"

အတွင်းရေးမှူး-သူကဒါလေးပြောဖို့အတွက်နဲ့ဖုန်းခေါ်တာလားဟ....

လုမျန်ကဆက်ပီး"အရှင်ပြောထားတဲ့ကိစ္စ ငါသေချာစဥ်းစားပီးပီ၊လက်ခံတယ်လို့အကြောင်းပြန်လိုက်"
အသံဆုံးသည်နှင့်ဖုန်းကျသွားသည်။
အတွင်းရေးမှူးနဲ့ဒရိုင်ဘာကတယောက်ကိုတယောက်ကြည့်ကာ
ဘယ်လိုအခြေအနေကြီးလဲဟ...
ဗိုလ်ချုပ်ကြီးကဘာလို့ကျောင်းမှာစာသင်ဖို့ရုတ်တရက်ကြီးသဘောတူလိုက်ရတာလဲ...

အတွင်းရေးမှူးကလျင်မြန်ပီးတိကျသည်။
နာရီ၀က်အကြာမှာ စာသင်ဖို့လိုအပ်တဲ့ပစ္စည်းကိရိယာများအား လုမျန်ရဲ့ဆက်သွယ်ရေးကိရိယာမှတဆင့်ပို့ပေးပီးပီဖြစ်သည်။
လုမျန်ကထိုကျောင်းမှဘွဲ့ရခဲ့ပေမယ့်လည်း အချို့စနစ်တွေကိုအကျွမ်းတ၀င်မရှိသေးပေ။
ထို့ကြောင့်အချက်အလက်များအား စကင်ဖတ်ပီးမှ ကျောင်းနာမည်ဆီအကြည့်ရောက်သွားသည် 'ဟန်ရိ ကောလိပ်'
လုမျန်က သူ့အိတ်ထဲမှ'ဟန်ရိ'ဆိုတဲ့စာလုံးရေးထားတဲ့ရွှေရောင်တံဆိပ်ပြားလေးကိုထုတ်လိုက်သည်။
ဒီတံဆိပ်လေးကတော့ မကြာခင်အချိန်လေးကမှစုန့်ဟွိုင်ဆီကကျကျန်ခဲ့တဲ့အရာလေးပေါ့။
.....
လုမိသားစုအိမ်ကထွက်လာပီးတော့ စုန့်ဟွိုင်တယောက် ကလေးတယောက်လိုပင်ပျော်မြူးနေသည်။
ဒီနေ့သူနဲ့လုမျန်၂ယောက်တည်းအတူရှိခွင့်ရရုံတင်မကဘူး၊လုမျန်ကသူ့ခေါင်းကိုတောင်ကိုင်လိုက်သေးတယ်။
စုန့်ဟွိုင်တယောက်ပြန်ပြန်တွေးရင်း အိပ်ရာထက်မှာလူးလိမ့်နေသည်။
ဒုတိယအမ၀မ်းကွဲဖြစ်သူက တံခါးနားမှာရပ်ပီးရုတ်တရက်မေးလာသည်။
"နင်ဒီနေ့ဆေးမသောက်ရသေးဘူးလားဟမ်"
စုန့်ဟွိုင်ကအိပ်ရာမှငေါက်ခနဲထထိုင်ပီး သတိအနေအထားနဲ့
"နင် ဘာလုပ်တာလဲ၊မိန်းကလေးတယောက်ဖြစ်ပီး အခြားယောကျာ်းလေးအခန်းထဲဇွတ်၀င်လာရလား။
တံခါးလေးဘာလေးခေါက်ပါလား"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Donde viven las historias. Descúbrelo ahora