Chapter-{1}

20.6K 2.6K 61
                                    


Unicode

ဦးခေါင်းအားထိခိုက်မိခြင်း


ပိုးသတ်ဆေးအနံ့ဖျော့ဖျော့လေးရနေသော အဖြူရောင်အခန်းထဲတွင်

"အမလေး တုတုရေ ထပါအူး"

"တုတု ဘယ်လိုနေသေးလဲဟင်"

အား အသံတွေကဆူညံနေတာပဲကွာ။
စုန့်ဟွိုင်မှာ သတိရတချက် မရတချက်ဖြစ်နေပီး သူ့ခေါင်းကလည်းတစစ်စစ်ကိုက်နေသည်။
ခဏအကြာတွင် စုန့်ဟွိုင်မျက်လုံးများဖွင့်ကြည့်လိုက်တော့ သူ့မိဘတွေနဲ့အဒေါ်တွေက စိုးရိမ်ပူပန်နေတဲ့အမူအရာတွေနဲ့
ဘေးမှာဝိုင်းကြည့်နေတာ တွေ့လိုက်ရသည်။

စုန့်ဟွိုင်မှာခေါင်းအနဲငယ်လှည့်လိုက်ပီး
ခြေထောက်တွေကိုလှုပ်လိုက်သည်။
ခုနကသူအိပ်နေတဲ့အနေအထားက စန့်စန့်ကြီးဖြစ်နေပီး မသိရင်လူသေအလောင်းအတိုင်းပဲ။
စုန့်ဟွိုင်က တခန်းလုံးကို​ဝေ့ဝိုက်ကြည့်ပီးနောက်မှာတော့  ချောမောပီးသိမ်မွေ့သောအမူအရာရှိတဲ့ လူကိုတွေ့လိုက်ရသည်။
သူ့အမူအရာကသာနွေးထွေးနေပေမယ့် သူ့မျက်လုံးတွေကတော့ အေးစက်နေသည်။

စုန့်ဟွိုင်ကသူ့မျက်ဝန်းလေးတွေပင့်လာပီး ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ နှုတ်က လွတ်ခနဲထွက်သွားသည်
"အကိုချန်းဇယ်"

သူမှတ်မိပီ။
မနေ့ညနေက လီဇီချင်းနဲ့လုချန်းဇယ်ကို စာကြည့်တိုက်မှာတွေ့တယ်ဆိုပီး တစုံတယောက်က သူ့ကိုလာပြောသည်။
လုချန်းဇယ်ကိုကြိုက်နေတဲ့စုန့်ဟွိုင်အဖို့က စိတ်မဆိုးဘဲနေပါ့မလား။
အာ့ကြောင့် ဒီနေ့ရူပဗေဒအတန်းပီးတော့ ဂူရန်ကိုခေါ်ပီး လီဇီချင်းကိုသွားတွေ့မို့ ဘတ်စ်ကက်ဘောအသင်းကိုသွားခဲ့တာ။
တကယ်တမ်းကျတော့ လီဇီချင်းကိုတောင်မတွေ့လိုက်ရဘူး၊သူ့ခေါင်းကို
ဘတ်စ်ကက်ဘောလာမှန်တာပဲ အဖတ်တင်တယ်။

သူသတိမမေ့သွားခင်မှာပဲ လုချန်းဇယ်ကသူ့ဆီပြေးလာပီး လူအုပ်ကြားထဲကနေ လွတ်အောင်လာခေါ်ထုတ်တာကို တွေ့လိုက်ရသေးတယ်။
အဲ့နောက် သူပြုံးပြုံးပျော်ပျော်နဲ့ပဲ သတိလစ်သွားခဲ့တယ်။
သူဆေးရုံမရောက်ခင်လေးအတွင်းမှာပဲ
ရှားရှားပါးပါး ဒီလိုအခွင့်အရေးလေး
မလွတ်သွားအောင် ဆုတောင်းခဲ့ရသေးတယ်။
(T/N သိတယ်မလား crushကကိုယ့်ကိုပွေ့ခေါ်သွားတာလေ။တုတုလေးကအရမ်းတွေပျော်နေရှာတာ)

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now