Chapter-{35.2}

12.1K 2.1K 169
                                    

Unicode

မင်းရဲ့လူက အိပ်ရာပေါ်မှာမစွမ်းဆောင်နိုင်ဘူး

ဟန်ရိကောလိပ်၏စမ်းသပ်ခန်း၌*
 
ကုတ်အဖြူ၀တ်ထားတဲ့ သုတေသနပြုလုပ်နေသူများမှာ လျင်မြန်စွာပဲတန်းစီလိုက်ကြပြီးတိတ်ဆိတ်နေကြသည်။
ဒီတစ်ခေါက်စမ်းသပ်မှုခေါင်းစဥ်က လုမျန်သတ်မှတ်ပေးထားတဲ့အကြောင်းအရာဖြစ်ကာ လုမျန်ကိုယ်တိုင်ရလဒ်များကိုလာရောက်စစ်ဆေးနေခြင်းဖြစ်သည်။
အင်ပါယာရဲ့ဗိုလ်ချုပ်ကြီး မျက်မှောင်ကျုံ့သွားတာမြင်တော့ သူတို့အကုန်ပြိုင်တူအသက်အောင့်လိုက်ကြပြီးကြောက်ရွံ့တုန်ယင်နေကြသည်။

"ဒီ အေဂျေစမ်းသပ်မှု၁ရဲ့ စက်စွမ်းအင်ရွေ့လျားနှုန်းကိုဘယ်သူလုပ်ထားတာလဲ"
ထိုအခါ စမ်းသပ်ခန်းအဖွဲ့ခေါင်းဆောင်က တိုးတိုးလေးနဲ့
"ဗိုလ်ချုပ်ကြီးကိုအစီရင်ခံပါတယ်...ပြုလုပ်တဲ့သူက လုချန်းဇယ်ပါ"
လုချန်းဇယ်ကထိုစကားကိုကြားတော့ မတ်တပ်ရပ်လိုက်သည်။
လုမျန်သူ့ကိုချီးကျူးတော့မည်ဟုထင်လိုက်ပြီးအားလုံးကလည်း သူ့ကိုမနာလိုအားကျတဲ့အကြည့်တွေကြည့်နေကြသည်။

လုမျန်ကလုချန်းဇယ်ဆီလျှောက်လာပြီး အရှိန်အ၀ါလွှမ်းမိုးမှုကြောင့် လုချန်းဇယ်အသက်ရှူရခက်လာသလိုတောင်ခံစားနေရသည်။
"ဒီစမ်းသပ်မှုရလဒ်က မှားနေတယ်...နောက်တစ်ခေါက်ပြန်လုပ်"
ထိုစကားကိုကြားတော့ အားလုံးကအသက်ရှူချောင်သွားပေမယ့် လုချန်းဇယ်ကတော့နားမလည်တဲ့အမူအရာနဲ့
"ဦးလေး ကျွန်တော်ဒီရလဒ်ထွက်တဲ့အထိအကြိမ်ကြိမ်အခါခါစမ်းသပ်ထားပြီးပြီ...ပြီးတော့ စက်ကလည်းချောချောမောမော လှုပ်ရှားနေတာပဲလေ"

လုမျန်က အေးစက်စက်လေသံနဲ့
"မင်းကငါ့စကားကိုအာခံနေတာလား"
ထိုစမ်းသပ်မှုမှာ လုမျန်ကျောင်းတုန်းကတည်းကစတင်ခဲ့တာဖြစ်ပြီး အခုသူတို့ကရလဒ်ကိုဆင့်ကဲဖွံ့ဖြိုးအောင်လုပ်နေကြခြင်းဖြစ်သည်။
လုမျန်တုန်းက Mechaမှာဖြစ်နေတဲ့ပြဿနာအချို့ကိုသူကိုယ်တိုင်ဖြေရှင်းနိုင်ခဲ့ပြီး ဟန်ရိကောလိပ်မှလူတွေအသာထား၊အင်ပါယာတစ်ခုလုံးကမည်သူမှ လုမျန်လောက်ထိုစမ်းသပ်မှုကို အတွင်းကျကျနားလည်နိုင်တဲ့သူမရှိပေ။
လုချန်းဇယ်ကမောက်မာတဲ့သူဆိုပေမယ့် လုမျန်ရှေ့တွင်တော့ရိုကျိုးပုံရကာ ခေါင်းငုံ့လိုက်ပြီး
"မဟုတ်ပါဘူး"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now