Chapter-{47}

19.4K 2.1K 367
                                    

Unicode

ဇာတ်သိမ်း

"တော်၀င်အင်ပါယာရဲ့တတိယမင်းသားက လက်ဆောင်ပေးပို့လာပါတယ်"

ထိုအသံကိုကြားကြားချင်း လုမျန်နဲ့စုန့်ဟွိုင်မှလွဲ၍ မွေးနေ့ပွဲရှိလူအားလုံး အသံလာရာဆီလှည့်ကြည့်လိုက်ကြသည်။
စုန့်မိသားစုက လုမိသားစုလိုစစ်တပ်နဲ့မဆက်နွယ်၍ တော်၀င်အင်ပါယာမိသားစုအကြောင်း သေချာမသိကြပေ။

လုမျန်က စုန့်ဟွိုင်အမူအရာကိုကြည့်ပြီး စုန့်ဟွိုင်က လီဇီချင်းရဲ့သရုပ်မှန်ကိုသိပြီးသားဆိုတာ ခန့်မှန်းမိလိုက်သည်။
ပါပါးစုန့်က စုန့်ဟွိုင်အား
"တုတု ဘယ်လိုဖြစ်တာလဲ"

တော်၀င်မိသားစုအနေနဲ့ လုမျန်နဲ့စုန့်ဟွိုင်တို့ လက်ထပ်ပြီးသားဆိုတာ သိပြီးပြီဆိုပေမယ့် တော်၀င်ဗိုလ်ချုပ်ကြီးလုမျန်မျက်နှာကြောင့် ဗိုလ်ချုပ်ကတော်ရဲ့မွေးနေ့ပွဲကို မချီးမြှောက်ဘဲမျက်နှာလွှဲခဲပစ်လုပ်နေလို့မရပေ။

စုန့်ဟွိုင်က
"ပါး အင်ပါယာရဲ့တတိယမင်းသားက တကယ်တော့ သားရဲ့အတန်းဖော်လေ...ဟိုတခေါက် ဆယ်စတာဗန်ဂြိုဟ်မှာလေ့ကျင့်ရေးဆင်းတုန်းက သားနဲ့အတူသွားတဲ့ လီဇီချင်းလေ...ပါးသိတယ်ဟုတ်"

စုန့်ဟွိုင်အသံလည်းဆုံးရော ကုတင်ပေါ်မှထူးဆန်းတဲ့အာမေဋိတ်သံထွက်လာသည်။
ခုနလေးတင်သတိပြန်ရလာတဲ့ကုရန်တစ်ယောက် စုန့်ဟွိုင်စကားကြောင့် ထပ်မံရှော့ရကာပြန်သတိလစ်သွားသည်။

၁၀ မိနစ်ကြာသော်...

ကုရန် ကုတင်ပေါ်မှာငုတ်တုတ်ကြီးထိုင်ကာ စုန့်ဟွိုင်ကိုကြည့်ပြီး
"ငါ ခုနကအိပ်မက်မက်တယ် မင်းသိလား"

ထို့နောက် ကုရန်အကြည့်တွေက ခပ်လှမ်းလှမ်းအကွာမှာရပ်နေတဲ့ လုမျန်ကိုလည်းမြင်ရော ခပ်ပြင်းပြင်းအသက်ရှိုက်လိုက်မိပြီး သူ့လက်ကိုသူဆွဲဆိတ်လိုက်သည်။

ငါ့ကောင်ရေ...ခုနက အိမ်မက်မဟုတ်လောက်ဘူးဟ...

ကုရန်က စုန့်ဟွိုင်အား
"မင်း ငါ့ကိုခပ်ပြင်းပြင်းရိုက်ကြည့်စမ်းပါ..မင်းနဲ့ဗိုလ်ချုပ်ကြီးလုက...."

You've reached the end of published parts.

⏰ Last updated: Nov 08, 2022 ⏰

Add this story to your Library to get notified about new parts!

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now