Chapter-{23.2}

12K 2.2K 73
                                    

Unicode

ကျွန်တော့်ကိုဒီညအနမ်းမပေးရသေးဘူးလေ

လုမျန်ကတော့စုန့်ဟွိုင်ရဲ့ချစ်စရာကောင်းနေမှုကြီးကိုကြည့်ပြီး သူ့အာဒံပန်းသီး(လည်စလုတ်)တောင်အထက်အောက်လှုပ်ရှားသွားသည်။
ဒါပေမယ့်ရင်ထဲကတောက်လောက်နေတဲ့ သူ့ဆန္ဒကြီးကိုဖိနှိပ်လိုက်ပြီး
"ဘာဖြစ်လို့လဲ"

စုန့်ဟွိုင်စိတ်ဓာတ်ကျသွားပေမယ့် အနဲဆုံးတော့သူ့သိက္ခာလေးကိုဆယ်တဲ့အနေနဲ့
"ကျ ကျွန်တော်မနေ့ညကကြမ်းပြင်ပေါ်ပြုတ်ကျပြီး တင်ပါးနာသွားလို့"
လုမျန်ရဲ့အကြည့်တွေက စုန့်ဟွိုင်ရဲ့မက်မွန်သီးလေးတွေဆီရောက်သွားသည်။
ထို့နောက် မှုန်မှိုင်းခက်ထန်နေတဲ့အကြည့်တွေနဲ့ကြမ်းပြင်ကိုစိုက်ကြည့်လိုက်သည်။
စုန့်ဟွိုင်ကလုမျန်ကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့ သူ့ခြေထောက်ဖြစ်နေတာကိုသိလိုက်ရသည်။
ထိုအချိန်မှ စုန့်ဟွိုင်သေချာသိသွားသည်။

ဗီဒီယိုထဲမှာက တင်ပါးနဲ့မြူဆွယ်လို့ရတယ်ပြောထားပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကအကြိုက်ချင်းတူညီကြမှာမဟုတ်ဘူးလေ...
လုမျန်ကခြေထောက်တွေကိုစွဲလမ်းနေတဲ့သူကို...
စုန့်ဟွိုင်နောင်တနဲနဲရသွားသည်။
သူစတော်ကင်ခြေအိတ်၀ယ်လိုက်သင့်တာကို...

လုမျန်က
"ကိုယ်ဒေါက်တာကျုံးကိုခေါ်ပြီးလာကြည့်ခိုင်းလိုက်မယ်"
ဆရာ၀န်သာရောက်လာရင်သူအလိမ်တွေပေါ်ကုန်မှာကြောင့် စုန့်ဟွိုင်ငြင်းလိုက်သည်
"ဟင့်အင်း ဟင့်အင်း ကျွန်တော်မနာတော့ပါဘူး"

"အာ့ဆို ပြောစရာရှိသေးလား"
စုန့်ဟွိုင်ကကြမ်းပြင်ကိုခြေထောက်လေးနဲ့တို့နေပြီး ထွက်သွားချင်ပုံမရပေ။
ဒါပေမယ့်ဘာဆက်ပြောရမလဲဆိုတာ မသိပေ။
စုန့်ဟွိုင်ရဲ့အမူအရာတွေကထူးဆန်းနေတာကြောင့် လုမျန်ကလက်ဆန့်ကာကောင်လေးရဲ့ခေါင်းကိုပုတ်လိုက်ပြီး
"စောစောသွားပြီးအနားယူတော့"
စုန့်ဟွိုင်လည်းရှက်သွေးတွေဖြာကာ စိတ်လှုပ်ရှားနေတဲ့အသံနဲ့
"ခင် ခင်ဗျားရောပဲ"
·
ညသန်းခေါင်ယံအချိန်မှာတော့ လုမျန်ကအိပ်မက်ဆိုးမက်၍နိုးလာသည်။
အိပ်မက်ကသွေးသံရဲရဲအလောင်းတွေ တောင်ပုံရာပုံဖြစ်နေသောမြင်ကွင်းဖြစ်နေသောကြောင့်။
လုမျန်ထထိုင်လိုက်တော့ အပြင်မှာမိုးရွာနေတာကိုသိလိုက်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now