Chapter-{16}

12.2K 2.4K 80
                                    

Unicode

ဗိုလ်ချုပ်ကြီးကခြေထောက်တွေကိုရူးသွပ်တဲ့လူများလား

အတွင်းရေးမှူးကလူဆယ်ယောက်ကျော်လောက်ကိုခေါ်လာပီး ဗီလာထဲပြေး၀င်ကာလော့ချထားတဲ့လုမျန်အခန်းဆီချဥ်းကပ်လာကြသည်။
စစ်ဌာနချုပ်ကဆရာ၀န်တွေအပြင် အားကောင်းမောင်းသန်စစ်သားအချို့ပါ ခေါ်လာခဲ့သေးသည်။
လုမျန်ရဲ့စိတ်စွမ်းအားပြဿနာက အင်ပါယာရဲ့လျှို့၀ှက်ချက်တွေထဲကတခုပင်။
ဒါပေမယ့် အခုခေါ်လာခဲ့တဲ့စစ်သားတွေ ဆရာ၀န်တွေကလုမျန်နောက်ကိုနှစ်ပေါင်းများစွာလိုက်ပီးသစ္စာရှိတဲ့သူတွေဖြစ်ကြတာကြောင့် အတွင်းရေးမှူးကယုံကြည်စွာခေါ်လာခဲ့ခြင်းဖြစ်သည်။

လုမျန်သာလုံး၀စိတ်ဖောက်သွားပါက ထိုလူများလည်းသူ့ကိုထိန်းနိုင်မည်မဟုတ်ပေ။
အတွင်းရေးမှူးကအသက်ခပ်ပြင်းပြင်းရှိုက်လိုက်ပီးစစ်သားများအားကြည့်ကာ
"အားလုံးအဆင်သင့်ပြင်ထားပေးပါ၊ခဏနေရင် ဗိုလ်ချုပ်ကြီးကိုအတတ်နိုင်ဆုံး ထိခိုက်မှုမရှိအောင်မြန်မြန်ထိန်းချုပ်ပေးပါ"
စစ်သားများက သေမင်းကိုရင်ဆိုင်ရတော့မယ့်ပုံစံများဖြင့်တပြိုင်နက်တည်း
"ကောင်းပီ"
စတီးဒိုင်းကာကိုင်ထားတဲ့စစ်သားတယောက်က တံခါးကို၀ုန်းခနဲကန်ဖွင့်လိုက်သည်။
ထင်ထားသလိုအမှောင်ထုကြီးအားမတွေ့တာကြောင့် စစ်သားခမျာ​ဆွံ့အသွားသည်။
အတွင်းရေးမှူးကလည်း သူ့ရှေ့မှတံခါးကိုကန့်လန့်ပိတ်ကာရပ်နေတဲ့စစ်သားအား တွန်းဖယ်လိုက်ပီး အခန်းထဲ၀င်လာတော့ အခန်းကမီးရောင်လင်းနေသည်။

စိတ်လွတ်ကာသောင်းကျန်းနေရမယ့်ဗိုလ်ချုပ်ကြီးက ကုတင်ပေါ်မှာငြိမ်သက်စွာအိပ်ပျော်နေကာ
သူ့ဘေးမှာတော့စုန့်ဟွိုင်ကအိပ်မောကျနေလေသည်။
အတွင်းရေးမှူးကကုတင်ဆီကိုတိတ်တိတ်လေးချဥ်းကပ်လာသည်။
ထိုသို့အေးချမ်းပီးငြိမ်သက်လွန်းနေတဲ့မြင်ကွင်းက သူ့အတွက်တော့ပုံရိပ်ယောင်ကိုမြင်နေသလိုပင်။
ထိုအချိန်မှာပဲ စုန့်ဟွိုင်ကသူ့မျက်လုံးတွေကိုပွတ်သပ်ပီးနိုးလာကာ သမ်းလိုက်ပီးမှမျက်လုံးဖွင့်ကြည့်လိုက်တော့ အခန်းထဲမှာလူတွေရောက်နေတာမြင်လိုက်ရသည်။
သူလန့်သွားပီး မျက်တောင်လေးတဖျတ်ဖျတ်ခတ်ကာ
"ဘာကိစ္စရှိလို့လဲဗျ"
ဆရာ၀န်က လုမျန်ကိုစစ်ဆေးမှုတွေပြုလုပ်ပေးပီးမှ အတွင်းရေးမှူးဆီလှည့်ကာခေါင်းငြိမ့်လိုက်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now