Chapter-{41}

13.5K 2.1K 184
                                    

Unicode

ကလေးယူဖို့တိုက်တွန်းခံနေရတဲ့ဗိုလ်ချုပ်ကြီး

စုန့်ဟွိုင်က လမ်းတစ်လျှောက်လုံးလုမျန်ရဲ့ပေါင်ပေါ်မှာအိပ်လာသည်။
လုမျန်က သူ့ကိုခေါ်လိုက်တော့မှအိပ်ချင်မူးတူးမျက်လုံးတွေကိုပွတ်သပ်လိုက်ပြီးကြည့်လိုက်တော့ သူ့အိမ်ရှေ့ကိုရောက်နေပြီဖြစ်သည်။
စုန့်ဟွိုင်က လုမျန်ကိုအံ့သြတကြီးနဲ့ကြည့်လိုက်ကာ သူ့လက်လေးတွေနဲ့လုမျန်လက်ချောင်းတွေကိုချိတ်လိုက်ပြီးရှေ့နောက်လွှဲယမ်းလိုက်ကာ
"ကျွန်တော်တို့အိမ်ပြန်ကြမယ်ဆိုတာ ဘာလို့ကြိုမပြောတာလဲ"

"ကိုယ် နေ့လည်ကရေကူးကန်မှာပြောခဲ့ပြီးပြီလေ"

"အာ..."
အဲ့တုန်းကသူအရမ်းပျော်နေခဲ့လို့ လုမျန်ပြောတာကိုအာရုံမစိုက်မိတာထင်တယ်...
လုမျန်က ကောင်လေးရဲ့လက်လေးတွေကိုသူ့လက်တွေနဲ့သေချာဆုပ်ကိုင်လိုက်ပြီး စုန့်အိမ်တော်ထဲသို့ဦးဆောင်ကာလျှောက်လာသည်။
အိမ်တံခါးလာဖွင့်တဲ့အန်တီလျိုက စုန့်ဟွိုင်နဲ့လုမျန်ကိုမြင်တော့ပျော်သွားတဲ့အသံနဲ့
"သခင်မကြီး သခင်လေးနဲ့ဗိုလ်ချုပ်ကြီးလုတို့ပြန်ရောက်လာပြီ"

အန်တီလျိုစကားလည်းဆုံးတာနဲ့ စုန့်ဟွိုင်ရဲ့အဒေါ်တွေအုပ်လိုက်ကြီး အိမ်တော်ထဲမှထွက်လာကြသည်။
စုန့်ဟွိုင်တစ်ယောက်အပြုံးတွေတောင် တောင့်သွားရှာသည်။
၅မိနစ်ကြာတော့ စုန့်ဟွိုင်နဲ့လုမျန်တို့ဧည့်ခန်းထဲရှိဆိုဖာတွင်ထိုင်နေကြကာ ဧည့်ခန်းထဲမှာတော့၂ဒါဇင်လောက်ရှိတဲ့စုန့်မိသားစုရဲ့အမျိုးအဆွေတွေ၀န်းရံနေကြသည်။
စုန့်ဟွိုင်တတိယအမ၀မ်းကွဲရဲ့သမီးဖြစ်သူကတောင် တလသားအရွယ်သာရှိသေးပေမယ့်သူ့အမေလက်ထဲမှာချီရက်သားလေးရှိနေသည်။
အားလုံးက ဖော်ဖော်ရွေရွေအပြုံးကိုယ်စီနဲ့လုမျန်တို့စုံတွဲကို၀ိုင်းကြည့်နေကြသည်။

စုန့်ဟွိုင်ကတော့ ရှက်လွန်းလို့တွင်းထဲသာပြေးပုန်းနေချင်တော့သည်။
သူက လုမျန်ကိုတောင်တိတ်တိတ်လေးခိုးကြည့်လိုက်သေးသည်။
လုမျန်ကတော့အရင်လိုပဲကိုယ်နေဟန်ထားဖြောင့်မတ်စွာ တည်ကြည်တဲ့အမူအရာ အေးစက်တဲ့မျက်နှာထားနဲ့ထိုင်နေသည်။
ဘယ်လောက်တောင် ကြည့်ကောင်းလိုက်သလဲ...
စုန့်ဟွိုင် သူ့လူကိုသူကြည့်ပြီးဂုဏ်ယူမဆုံးပေ။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now