Chapter-{22.2}

11.3K 2.2K 121
                                    

Unicode

ဗိုလ်ချုပ်ကြီးက လူလိမ်လူညာကြီး

စုန့်ဟွိုင်ဒိုက်အခါ၂၀ထိုးကာ မီတာ၁၅၀၀ပြေးပြီးတာနဲ့ အတန်းချိန်၁ချိန်ပြီးသွားလေပြီ။
စုန့်ဟွိုင်တစ်ကိုယ်လုံးလည်းပင်ပန်းနွမ်းနယ်နေလေသည်။
အတန်းသားတွေကတော့တယောက်ပြီးတယောက် သူတို့နေရာဆီပြန်သွားကာထိုင်ခုံတွင်ကော်နဲ့ကပ်နေသလို ထိုင်နေကြသည်။

"မောလိုက်တာ...ဟူး...သောက်ရမ်းပင်ပန်းတယ်"
ကျောင်းသားတွေကတော့တစ်ယောက်ပြီးတစ်ယောက် ငြီးငြူနေကြသည်။
စုန့်ဟွိုင်လည်းပဲကာယစမ်းသပ်မှုပြီးတိုင်း တံထွေးတောင်မျိုမချနိုင်လောက်အောင်ပျော့ခွေနေလေ့ရှိသည်။
ဒါပေမယ့်ဒီတခေါက်မှာတော့ သူစာအုပ်တစ်အုပ်ကိုယူကာခက်ခက်ခဲခဲနဲ့မတ်တပ်ရပ်လိုက်ပြီး အတန်းထဲမှထွက်လာသည်။

ကုရန်ကသူ့ကိုမြင်တော့ အားနည်းနေတဲ့လေသံလေးနဲ့
"အားဟွိုင် မင်းဘယ်သွားမလို့လဲဟ အားဟွိုင်"
ကုရန်လည်းအရမ်းပင်ပန်းနေပြီး မောဟိုက်နေတာကြောင့် ၂ခါလောက်ခေါ်ပြီးတာနဲ့အသံထွက်မလာတော့ချေ။
စုန့်ဟွိုင်က ရုံးခန်းဆီသို့အားနည်းစွာနဲ့ ဟောဟဲရှိုက်နေပြီး မျက်နှာတွေလည်းနီရဲနေကာတလှမ်းချင်းလျှောက်နေသည်။
သူလုမျန်ကိုနားမလည်တဲ့မေးခွန်းမေးစရာရှိတယ်လို့ပြောထားခဲ့တယ်လေ...
အခုအတန်းချိန်၁ချိန်တောင်ပြီးသွားပြီ...

စုန့်ဟွိုင်ကရုံးခန်းဆီကိုလည်းရောက်ရော လုမျန်အောက်ထပ်ကိုသွားပြီဆိုတာကြားတော့ လုမျန်နောက်ကိုလိုက်ရန်ကြိုးစားလိုက်သည်။
ဘယ်ဆီဘယ်၀ယ်ကအားအင်တွေကြောင့်မသိ သူလုမျန်ကားဆီကိုရောက်ရန်အမြန်ပြေးဆင်းလာသည်။
အဆုံးမှာတော့သူ့ခြေထောက်တွေကအားနည်းနေတာကြောင့် လုမျန်ကားကကျောင်းဂိတ်၀မှထွက်သွားတာကိုသာကြည့်နေလိုက်ရသည်။
·
စုန့်ဟွိုင်အတန်းထဲကိုလည်းပြန်ရောက်ရော ကျောင်းသားတော်တော်များများကပြန်လည်တက်ကြွနေပြီဖြစ်သည်။

"မင်းဒီတခေါက်စာမေးပွဲမှာဖြေနိုင်သားပဲ၊လခွမ်း မင်းရဲ့နိုင်ငံခြားဘာသာရမှတ်ကသောက်ရမ်းကောင်းတာပဲ"
အရင်လကစာမေးပွဲရလဒ်များထွက်လာခြင်းပင်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now