Chapter-{45.2}

11.2K 1.8K 79
                                    

Unicode

သ၀န်တိုနေကြောင်း၀န်ခံလိုက်တဲ့ ဗိုလ်ချုပ်ကြီး

စုန့်ဟွိုင်နိုးလာတော့ ပတ်၀န်းကျင်တောင်မဲမှောင်နေပြီဖြစ်သည်။
စုန့်ဟွိုင်က သူ့မျက်လုံးကိုပွတ်သပ်ပြီး အိပ်ချင်မူးတူးအသံလေးနဲ့
"ကျွန်တော်တို့အိမ်ပြန်ရောက်ပြီလား"

စုန့်ဟွိုင်နာရီကိုကြည့်လိုက်တော့ ၇နာရီခွဲနေပြီဖြစ်ကာ သူတို့လွန်ခဲ့တဲ့၁နာရီခွဲလောက်ကတည်းက အိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။
သူအိပ်နေတာကိုအနှောင့်အယှက်မဖြစ်ဖို့အတွက် လုမျန်က စုန့်ဟွိုင်နိုးလာတဲ့အထိ ကားပေါ်မှာဒီအတိုင်းထိုင်နေသည်လေ။

စုန့်ဟွိုင်တစ်ယောက် အရမ်းပျော်သွားကာ ကပ်ချွဲသလိုနဲ့
"ကျွန်တော်တို့ပြန်ရောက်ရောက်ချင်း ဘာလို့မနှိုးလိုက်တာလဲ"
သူ့ကိုမင်းသမီးလေးလို ကားပေါ်ကနေပွေ့ချီသွားလည်းရတာပဲကို...

လုမျန်က ခေါင်းအနဲငယ်ငုံ့လိုက်တော့ စုန့်ဟွိုင်လည်းသူလုမျန်လက်မောင်းကို အကြာကြီးတင်းတင်းကြပ်ကြပ်ဖက်ထားမိကြောင်း သတိရလိုက်သည်။
စုန့်ဟွိုင်ကလက်လွှတ်လိုက်ပြီး မျက်နှာလေးအနဲငယ်မော့ကာ မျက်လုံးမှိတ်လိုက်သည်။

အရင်ကဆိုရင် သူအိပ်ရာမှနိုးလာတိုင်း လုမျန်ဆီမှအနမ်းတွေတောင်းခံလေ့ရှိတယ်လေ....
ဒါပေမယ့် ဒီတခေါက်တော့ လုမျန်ကသူ့ကိုလုံး၀မနမ်းဘဲ ကားပေါ်မှ ဒီအတိုင်းဆင်းသွားတယ်တဲ့လေ....

စုန့်ဟွိုင် ကားပေါ်မှာငုတ်တုတ်လေးထိုင်ကျန်ခဲ့သည်။
လုမျန်က ဘာဖြစ်သွားတာပါလိမ့်....

မနေ့က သူတို့၂ယောက် လက်ထပ်မှတ်ပုံတင်သွားလုပ်ပြီးပြီဖြစ်၍ ဒီနေ့သူတို့၂ယောက်လုံး စုန့်အိမ်တော်ကိုသွားကြရမည်ဖြစ်သည်။
ကြင်စဦးမောင်နှံစုံတွဲ စုန့်အိမ်တော်ကိုရောက်တာနဲ့ စုန့်မိသားစုအကုန်သူတို့ကိုကြိုဆိုနေကြသည်။

လုမျန်ကတော့ ဧည့်ခန်းအလယ်မှဆိုဖာဆီကိုခေါ်ခံလိုက်ရပြီး အဒေါ်တသိုက်က မေးခွန်းတွေ၀ိုင်းမေးနေကြသည်။
စုန့်ဟွိုင်ကတော့ သူတို့အုပ်စုရဲ့ဘေးမှာရပ်နေပြီး လုမျန်ရဲ့ကျော်ကြားမှုကိုငေးကြည့်နေသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now