Chapter-{30.2}

11K 2.1K 60
                                    

Unicode

ဇနီးလေးနဲ့တွေ့ဖို့မစောင့်နိုင်တော့တဲ့ ဗိုလ်ချုပ်ကြီး

ထရိန်နင်စခန်းအပြင်ဘက်မှာတော့ လုမျန်ကနာရီကိုခဏခဏကြည့်နေသည်။
၁၀မိနစ်...
သူ၁၀မိနစ်တောင်စောင့်နေပေမယ့် စုန့်ဟွိုင်ကိုမမြင်ရသေးပေ။

အတွင်းရေးမှူးကတော့ ဗိုလ်ချုပ်ကြီးဂနာမငြိမ်ဖြစ်နေပုံကိုကြည့်ကာ ထူးလည်းထူးဆန်းနေသလို ရယ်လည်းရယ်ချင်နေမိသည်။
နောက်ဆုံးတော့ နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိတဲ့သံမဏိသစ်ပင်ကြီးမှ ပန်းတွေပွင့်လာတာကိုသူကြုံဖူးလေပြီ။
လုမျန်က ခုံလက်ရန်းကို တတောက်တောက်ခေါက်ကာ နာရီကိုခဏခဏကြည့်ပြီးစိတ်ထဲမှတောင် အချိန်တွေလိုက်ရေတွက်နေသည်။
၁၅မိနစ်ကြာတော့ လုမျန်ဒီတိုင်းထိုင်မနေနိုင်တော့ပေ။

သူထရပ်လိုက်ပြီး ယူနီဖောင်းကိုသန့်ပြန့်အောင်လုပ်လိုက်သည်။
အသွင်အပြင်ကိုဘယ်သောအခါမှဂရုမထားတတ်တဲ့ဗိုလ်ချုပ်ကြီးတစ်ယောက် ယာဥ်ပျံထဲမှမှန်မှတဆင့်သူ့ရဲ့စစ်ဦးထုပ်ကိုတည့်အောင်ပြုပြင်နေသည်။
စုန့်ဟွိုင်ရဲ့ပုံရိပ်လေး ယာဥ်ပျံရဲ့မော်နီတာပေါ်မှာပေါ်လာချိန်မှာတော့ လုမျန်ကချက်ချင်းပဲ သူ့နှုတ်ခမ်းတွေကော့တက်ကာပြုံးလိုက်မိတာကို သတိထားမိပုံမရပေ။

စုန့်ဟွိုင်က ခရီးဆောင်အိတ်ကြီးဆွဲကာလုမျန်ပို့လိုက်တဲ့တည်နေရာဆီပြေးလာပြီးနောက် ယာဥ်ပျံအသေးစား၁စီးရပ်ထားတာကိုတွေ့လိုက်ရသည်။
သူယာဥ်ပျံဆီလျှောက်သွားချိန် ယာဥ်ပျံတံခါးကပွင့်လာကာ လုမျန်ရဲ့ယူနီဖောင်းနဲ့ခန့်ညားလှတဲ့ပုံရိပ်ကသူ့ရှေ့မှာထွက်ပေါ်လာသည်။
ထို့နောက်လုမျန်က မြူမှုန်ကြားမှနတ်ဘုရားကဲ့သို့တလှမ်းချင်းစီစုန့်ဟွိုင်ဆီလျှောက်လှမ်းလာသည်။

စုန့်ဟွိုင်က လုမျန်ကိုမြင်မြင်ချင်းမှာပဲ အပြုံးထက်မျက်ရည်တွေကအရင်စီးကျလာကာ ခရီးဆောင်အိတ်ကိုပစ်ချပြီး လုမျန်ထံပြေးသွားလိုက်သည်။
လုမျန်လည်း ယာဥ်ပျံထက်မှမြေပြင်ပေါ်အရောက် စုန့်ဟွိုင်ကလုမျန်လက်မောင်းထဲပစ်၀င်လိုက်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now