Chapter-{14}

13K 2.3K 102
                                    

Unicode

၂ယောက်အတူတူတအိမ်တည်းနေကြရာ၀ယ်


နောက်တနေ့ကျောင်းတွင် ရေကူးရမယ့်အချိန်ရောက်သော်
ကျောင်းသားအကုန်လုံးက ရေကူး၀တ်စုံလဲထားပီးသော်လည်း စုန့်ဟွိုင်တယောက်သာကျောင်းယူနီဖောင်းနဲ့ ခုံမှာထိုင်နေသည်။
ထိုအချိန်လီဇီချင်းက သူ့ဆီလျှောက်လာကာ
"မင်းရေမကူးဘူးလား"

ကုရန်ကတော့လီဇီချင်းအပေါ်အမြင်မကြည်မှုတွေလုံး၀မပျောက်သေးသဖြင့် ဆောင့်ဆောင့်အောင့်အောင့်လေသံနဲ့
"အားဟွိုင်က ရေကြောက်တတ်တယ်၊မင်းကရော ဘာကိစ္စလာမေးတာလဲ"
စုန့်ဟွိုင်မှာ ကုရန်ရဲ့ရန်လိုနေတဲ့အသံကြောင့် မျက်ခုံးတွန့်ကာသူ့ဘောင်းဘီအနားစကိုဆွဲလှုပ်ခါလိုက်သည်။
ကုရန်ကပကျိပကျိနဲ့၂ခွန်းလောက်သာဆက်ပြောပီးပါးစပ်ပိတ်လိုက်ပေမယ့် လီဇီချင်းကိုကြောက်လို့တော့မဟုတ်ပေ။

လီဇီချင်းကဒီကျောင်းကိုနှစ်တ၀က်လောက်နေမှပြောင်းလာတာဆိုတော့
သူရေကူးသင်တဲ့ဆရာကိုပြောပီးနောက် ရေကူးသင်ပေးချိန်ကိုဘယ်တော့မှပေါ်မလာခဲ့ပေ။
ထို့ကြောင့်စုန့်ဟွိုင်ရေကြောက်တဲ့အကြောင်း လီဇီချင်းမသိခြင်းဖြစ်သည်။
စုန့်ဟွိုင်လေးက ဆရာရဲ့ညွှန်ကြားမှုနဲ့ရေထဲမှာပျော်ရွှင်စွာကူးခတ်နေကြတဲ့ကျောင်းသားများကိုငေးကြည့်နေသည်။

အချို့ကျောင်းသားတွေကတော့ ငါးလေးတကောင်လိုလှလှပပကူးခတ်နေကြပေမယ့် အချို့ကတော့ရေနစ်နေတဲ့ခွေးတကောင်လိုပိုးစိုးပက်စက်ကူးခတ်နေကြသည်။
တကယ်တော့စုန့်ဟွိုင်ရင်ထဲမှာမနာလိုမှုအားကျမှုတွေနဲ့ပြည့်နေသည်။
သူတို့လိုရေကြိုက်တဲ့ရေသူမျိုးနွယ်စုက ရေကြောက်တယ်ဆိုတာလုံး၀မဟုတ်ပေ။
တကယ်တော့စုန့်ဟွိုင်ရေထဲဆင်းသွားရင် သူ့ခြေထောက်တွေကရေသူအမြီးအဖြစ်ပြောင်းသွားတာကြောင့် သူဟာရေသူတကောင်ပါလားဆိုတဲ့သရုပ်မှန်ကိုလူသိသွားမှာစိုး၍ဖြစ်သည်။

ကုရန်တယောက်ကတော့ ခွေးတကောင်ကူးသလိုပေါ်လိုက်မြှုပ်လိုက် ကူးနေပီးသူ့ကြည့်ရတာဟောဟဲလိုက်နေသည်။
ထို့နောက်သူရေကန်ထဲမှတက်လာကာ စုန့်ဟွိုင်ခုံခြေထောက်နားမှာလဲချလိုက်ပီး အသက်ကိုပြင်းပြင်းရှူနေသည်။
စုန့်ဟွိုင်ကတနေရာကိုစူးစိုက်ကြည့်နေတော့ ကုရန်လည်းထိုနေရာကိုကြည့်လိုက်သည်။
စုန့်ဟွိုင်တင်မဟုတ်ဘဲ အတန်းထဲမှသူအားလုံး ထိုနေရာကို၀ိုင်းကြည့်နေကြခြင်းပင်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now