Chapter-{28.2}

10.5K 2K 75
                                    

Unicode

ဗိုလ်ချုပ်ကြီးနဲ့ဗီဒီယိုကောလ်ပြောကြမယ်

လုမျန်က စုန့်ဟွိုင်ကိုယ်ပေါ်မှာအခြားလူရဲ့ကုတ်အင်္ကျီတထည်ခြုံထားတာကိုတွေ့လိုက်ရတော့ ခဏလောက်ငြိမ်နေပြီးမှ
"ပတ်၀န်းကျင်ရော အဆင်ပြေရဲ့လား"
 
"ပတ်၀န်းကျင်က အဆင်ပြေပါတယ်၊ယာဥ်ပေါ်ကဆင်းဆင်းချင်းတော့ အရမ်းအေးတယ်။
ကျွန်တော်ရေခဲလူသားတောင်ဖြစ်သွားတော့မလို့"
ထိုအချိန်မှ စုန့်ဟွိုင်တယောက်သူလီဇီချင်းရဲ့ကုတ်အင်္ကျီကို၀တ်ထားဆဲဖြစ်မှန်း သတိရလိုက်သည်။
အဆောင်ထဲမှာတော့အပူပေးစနစ်ရှိတာကြောင့် စုန့်ဟွိုင်ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး သေချာခေါက်ကာ
"အဲ့ဒါ ကျွန်တော်နဲ့အတူထိုင်တဲ့အတန်းဖော်သူငယ်ချင်းဟာလေ...မနက်ဖြန်သူ့ကိုပြန်ပေးရမယ်"
ထိုစကားကိုကြားတော့ အနဲငယ်ဖျော့တော့နေတဲ့လုမျန်ရဲ့မျက်နှာ မဆိုစလောက်လေးသွေးရောင်ပြန်လွှမ်းလာသလိုလို...
 
"မင်းကိုအနွေးထည်အထူကြီးတွေယူသွားဖို့ အယ်လင်မပြောဘူးလား၊သူပြောတော့...."
ထိုအခါ စုန့်ဟွိုင်က အတွင်းရေးမှူးသူ့ကိုဘာတွေပြောမှန်း လုမျန်ဘယ်လိုသိလဲဆိုတာစဥ်းစားနေသည်။
မဟုတ်မှ...
 
စုန့်ဟွိုင်အတွေးတွေကို အမြန်ဘရိတ်အုပ်လိုက်သည်။
သူလျှောက်တွေးနေမိပြန်ပြီ...ဒါပေမယ့်လည်းအနဲငယ်မျှော်လင့်နေတဲ့အသံနဲ့
"သူ့ကိုပြောခိုင်းလိုက်တာလား"
၂စက္ကန့်ကြာတော့ စုန့်ဟွိုင်တယောက်ပျော်ပြီးရှက်သွေးတွေဖြာကာ
"အာ့ဆိုဘာလို့ ခင်ဗျားကိုယ်တိုင်ကျွန်တော့်ကို မပြောတာလဲလို့"
 
လုမျန်ကလည်း အရင်ကပြိုင်ပွဲ၀င်ဖူးသူမို့ ဆယ်စတာဗန်ဂြိုဟ်မှာထရိန်နင်လာဆင်းဖူးသည်။
ထို့ကြောင့် အဲ့မှာရာသီဥတုက စတားမြို့တော်ကရာသီဥတုထက်ပိုအေးမှန်း သေချာကိုသိနေသည်။

စုန့်ဟွိုင်ရုတ်တရက်သတိရလိုက်တာက သူအတွင်းရေးမှူးကိုဆယ်စတာဗန်ဂြိုဟ်ဆီရောက်ဖူးလို့လားမေးတော့ အတွင်းရေးမှူးကဟိုလိုလိုဒီလိုလိုနဲ့
"အဟမ်း ကျွန်တော်မရောက်ဖူးပေမယ့် တစုံတယောက်ကတော့ရောက်ဖူးတယ်လေ"
ထို 'တစုံတယောက်' ဆိုတာကကျိန်းသေပေါက်လုမျန်ပင်။
 
လုမျန်ခဏလောက်တိတ်ကျသွားပြီးနောက် စကားလမ်းကြောင်းလွှဲကာ
"ဟိုမှာ နေရတာရောအဆင်ပြေရဲ့လား"
စုန့်ဟွိုင်က လုမျန်မေးတဲ့ပတ်၀န်းကျင်အခြေအနေဆိုတာ ဆယ်စတာဗန်ဂြိုဟ်ရဲ့ရာသီဥတုကိုပြောတာမဟုတ်ဘဲ နေရာထိုင်ခင်းအခြေအနေကိုဆိုလိုမှန်းသိသွားသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now