Chapter-{21.2}

11.6K 2.2K 181
                                    

Unicode

အတန်းထဲကဗိုလ်ချုပ်ကြီးလု

စင်မြင့်ထက်မှာတော့ လုမျန်ကသူ့ရဲ့ရှည်သွယ်သွယ်လက်ချောင်းတွေနဲ့စားပွဲကိုခေါက်လိုက်သည်။
ထိုအခါမှအတန်းထဲကကျောင်းသားတွေအကုန်လုံးလည်း ဖုန်းခိုးသုံးမနေကြတော့ဘဲရပ်တန့်သွားသည်။
လုမျန်ကတခန်းလုံးကိုဝေ့ကြည့်လိုက်ပေမယ့် စုန့်ဟွိုင်ဆီရောက်တော့ခဏလောက်အကြည့်ရပ်သွားသည်။

စုန့်ဟွိုင်ရဲ့ရှေ့ခုံမှာထိုင်နေတဲ့မိန်းကလေးတွေကတော့ ၀မ်းသာအားရနဲ့အော်မိလုနီးပါးတောင်ဖြစ်နေပြီ။
စုန့်ဟွိုင်ကတော့ သူ့နှလုံးသားတခုလုံးပျားရည်စိမ်ထားသကဲ့သို့ချိုမြသွားသည်။
သူငါ့ကိုတွေ့သွားတာပဲ...

ထို့နောက် လုမျန်ကအေးစက်စက်အသံနဲ့စတင်မိတ်ဆက်သည်။
"လုမျန်၊၇၈ခုမြောက်စစ်တပ်နဲ့မြို့တော်စစ်တပ်ရဲ့ခေါင်းဆောင်ဟောင်း...
နောက်ဆို မင်းတို့ရဲ့စက်သီအိုရီနဲ့ပတ်သက်တဲ့သင်ရိုးတွေသင်မယ့်ဆရာ..."

"အသံကအရမ်းနားထောင်လို့ကောင်းတာပဲကွာ"

လုမျန်က စကားခိုးပြောနေတဲ့ကျောင်းသားတွေကိုတချက်ကြည့်လိုက်တော့ ကြောက်လန့်သွားကြပြီးငြိမ်သွားကြပြန်သည်။
ခုနကစကားပြောလိုက်မိတဲ့ကျောင်းသားကတော့ ရှက်လွန်းလို့မျက်နှာတွေနီလာသည်။
စုန့်ဟွိုင်ဘေးမှနေပြီး ဒေါခွီးနေသည်။

"အခုကစပြီး ဆရာ့အတန်းချိန်အတွင်းမှာ ဆက်သွယ်ရေးကိရိယာတွေမသုံးကြပါနဲ့။
အချိန်ကအရမ်းတန်ဖိုးရှိတယ်၊အတန်းထဲမှာမလိုအပ်တာတွေလုပ်တာ မမြင်ချင်ဘူး"
ထိုစကားထွက်လာတာနဲ့ ကုရန်တောင်မှတုန်သွားပြီး ဆက်သွယ်ရေးကိရိယာကိုအမြန်သိမ်းလိုက်သည်။

"ကောင်းပြီ သင်ခန်းစာနိဒါန်းလေးစလိုက်ကြရအောင်"
စက်မှုသီအိုရီတွေကအရမ်းရှုပ်ထွေးပြီးပျင်းစရာကောင်းတာကြောင့် စုန့်ဟွိုင်နားမလည်ပေ။
နားမလည်ရုံမကဘဲ အိပ်ပါငိုက်လာသည်။
လုမျန်ရဲ့ခန့်ညားလှတဲ့မျက်နှာလေးကြောင့်သာမဟုတ်ရင် အတန်းစပြီး၃စက္ကန့်အကြာမှာပဲအိပ်ပျော်သွားမည်မှာဧကန်ပင်။
သင်ခန်းစာသင်ပြီးအလည်လောက်ရောက်ချိန်မှာတော့ တစ်တန်းလုံးရဲ့အကြည့်တွေကသူ့ဆီရောက်နေတာကို စုန့်ဟွိုင်သတိထားမိလိုက်သည်။
သူဟိုဒီကြည့်လိုက်တော့ လုမျန်ကစင်မြင့်ထက်မှဆင်းကာသူ့ဆီတလှမ်းချင်းလျှောက်လာတာကိုတွေ့လိုက်ရသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now