Chapter-{39}

11.6K 2K 137
                                    

Unicode

ဒါ ကျွန်တော့်ချစ်သူပြင်ဆင်ပေးထားတာပဲ

မနက်စာစားပြီးတော့ လုမျန်ကမတ်တပ်ရပ်ကာ
"မင်းလမ်းလျှောက်နိုင်ရဲ့လား"
ဒီမနက် အိပ်ရာထတော့စုန့်ဟွိုင်က လုမျန်ရဲ့အိပ်ရာပေါ်မှအလောတကြီးဆင်းပြေးလိုက်တာကြောင့် လဲကျပြီးခြေခေါက်သွားသည်။
လုမျန်ကသာ သူ့ကိုမျက်နှာသစ်သန့်ရှင်းရေးလုပ်ပေးပြီး အောက်ထပ်ကိုပွေ့ခေါ်လာတာဖြစ်သည်။
စုန့်ဟွိုင်က ခေါင်းခါလိုက်ပြီးမှခေါင်းပြန်ငြိမ့်လိုက်သည်။
ပြီးတော့ သူ့လက်လေးတွေကိုသွယ်ယှက်ထားရင်း
"နဲနဲတော့ နာနေသေးတယ်"

လုမျန်က ဘာမှမပြောဘဲစုန့်ဟွိုင်ကိုစွေ့ကနဲပွေ့ချီလိုက်သည်။
စုန့်ဟွိုင်က ရုတ်တရက်မို့လုမျန်ရဲ့လည်တိုင်ကိုဖက်လိုက်ကာ သူရဲ့မျက်လုံးတွေက လုမျန်ရဲ့ထင်းနေတဲ့မေးရိုးနဲ့တတန်းတည်းဖြစ်သွားသည်။
ချောလိုက်တာ....
စုန့်ဟွိုင်ကတော့ မကြည့်ဘဲမနေနိုင်ပေ။
လုမျန်ကမျက်လွှာချကာကြည့်လိုက်တော့ ရှက်သွေးဖြာနေတဲ့ကောင်လေးရဲ့အကြည့်တွေကို ပက်ပင်းမိသွားသည်။

"ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး အစောကြီးပဲ....."
အတွင်းရေးမှူးက ကားထဲတွင်စောင့်နေပြီး လုမျန်ကစုန့်ဟွိုင်ကိုပွေ့လာတာမြင်တော့ သူ့ခမျာနှုတ်ဆက်စကားတောင်ဆုံးအောင်မပြောနိုင်ပေ။
အမလေးလေး လူတွေကိုမနက်စောစောစီးစီး ခွေးစာတွေကျွေးနေတာပဲ...

လုမျန်က ကားထဲရောက်တော့စုန့်ဟွိုင်ကိုသူ့နံဘေးနေရာမှာချထားပေးရမည်ဖြစ်သော်လည်း အခုတော့ခပ်တည်တည်ပဲ သူ့ပေါင်ပေါ်မှာဒီအတိုင်းလေးပွေ့ထားလေရဲ့။
စုန့်ဟွိုင်ကတော့ လုမျန်ရဲ့ပွေ့ချီတာခံရတဲ့အပြင် အခုလည်းလုမျန်ရဲ့ပေါင်ပေါ်မှာထိုင်နေရသည်။
ကားစက်နှိုးပြီးစတင်ထွက်ခွာတော့မှ စုန့်ဟွိုင်တစ်ယောက်သတိပြန်၀င်လာသည်။
 
အားးးးးးးးးးးးးးးးးးးးးးးးးးး
သူတကယ်ကြီး လုမျန်ပေါင်ပေါ်မှာထိုင်နေတယ်....
သူအမြဲတမ်းစိတ်ကူးယဥ်နေတဲ့အရာက ခြေလေးခေါက်သွားတော့ အမှန်တကယ်ဖြစ်လာသည်။
ဒီလိုမှန်းသိရင် စောစောစီးစီးခြေခေါက်အောင်လုပ်ပါတယ်....

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now