Unicode
ရေသူလေးတုတုရဲ့အမြီးလှလှလေး
နောက်တစ်နေ့ရောက်သော်
*ပြဇာတ်ကလပ်၌*
[တုတု-မင်းဘယ်တော့လာမှာလဲ]
[အေးစက်ခက်ထန်တဲ့သခင်လေးရန်-ငါ့အဘိုးဆေးရုံဆင်းချိန်မှပေါ့ကွာ။
ငါ့မိဘတွေကလည်းအလုပ်များနေတော့ ငါပဲအဘိုးကိုပြုစုနေရတာ ပင်ပန်းနေပြီကွာ]
ကုရန်ရဲ့အဘိုးကချော်လဲပြီး ခြေထောက်ကျိုးသွားတာကြောင့်ဆေးရုံတင်လိုက်ရပြီး ကုရန်ကလည်းသူ့အဘိုးကိုပြုစုရန်ဆေးရုံမှာရှိနေခြင်းဖြစ်သည်။
ထိုစဥ် တစ်စုံတစ်ယောက်မှစုန့်ဟွိုင်ရဲ့နာမည်ကိုခေါ်လိုက်တာကြောင့် စုန့်ဟွိုင် ကုရန်ဆီစာအမြန်ပြန်လိုက်သည်။[တုတု-အာ့ဆိုငါ့မှာကိစ္စလေးရှိသေးလို့ ဒါပဲနော်။
ကိုယ့်ကိုယ်ကိုလည်းဂရုစိုက်ဦး]
စုန့်ဟွိုင်ဆက်သွယ်ရေးကိရိယာကိုသိမ်းပြီးကြည့်လိုက်တော့ ခုနကသူ့ကိုခေါ်တဲ့သူကလုချန်းဇယ်ဖြစ်နေသည်။
လုချန်းဇယ်က စုန့်ဟွိုင်သူ့ဆီစကားလာပြောမှာကိုတစ်မနက်လုံးစောင့်နေသည်။
မနေ့ညကလည်း တစ်ညလုံးစဥ်းစားကြည့်တော့စုန့်ဟွိုင်ရဲ့လုပ်ရပ်တွေက သူ့ရဲ့အာရုံစိုက်မှုကိုရအောင်လုပ်နေတာပဲဖြစ်ရမယ်....သူ့ကိုရှောင်ဖယ်နေပြီးလီဇီချင်းနားမှာကပ်နေတယ်ဆိုကတည်းက အဲ့လိုပဲဖြစ်ရမယ်...
လုချန်းဇယ်ကထိုလုပ်ရပ်ကိုသဘောမကျပေမယ့် စုန့်ဟွိုင်အနေနဲ့သူ့ရဲ့အာရုံစိုက်မှုကိုရယူနိုင်တယ်လို့၀န်ခံရမည်။
ဘာပဲဖြစ်ဖြစ် စုန့်ဟွိုင်သူ့ကိုလာမတောင်းပန်မချင်းအဖက်မလုပ်ဘူးလို့တွေးထားပေမယ့် စုန့်ဟွိုင်ကဒီတစ်မနက်လုံးသူ့ကိုမမြင်ချင်ယောင်ဆောင်ကာရှောင်နေသည်။အခုလည်းသူစုန့်ဟွိုင်ရှေ့ကိုရောက်နေပေမယ့် စုန့်ဟွိုင်ကမသိချင်ယောင်ဆောင်နေပြန်သည်။
စုန့်ဟွိုင်ဘယ်ဘက်ကိုသွားရင်လုချန်းဇယ်လည်းဘယ်ဘက်ကိုသွားတယ်။
စုန့်ဟွိုင်ညာဘက်ကိုသွားရင် လုချန်းဇယ်လည်းညာဘက်ကိုသွားတယ်။
နောက်တော့ စုန့်ဟွိုင်တစ်ယောက်လုချန်းဇယ်လုပ်နေတာကိုသည်းမခံနိုင်တော့ပေ။
YOU ARE READING
ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]
FantasyThis is not my own story. It is my second translation work. All Credits to original author. Associated name-你想摸一下我的魚尾巴嗎 Type-Web novel Author-系辭上 Status in COO-Completed{47 chapters} Original Publisher-jjwxc Start date-20.8.2021 End date-8.11.2022