Chapter-{28.1}

11K 2.1K 19
                                    

Unicode

ဗိုလ်ချုပ်ကြီးနဲ့ဗီဒီယိုကောလ်ပြောကြမယ်

၁နာရီလောက်ကြာတော့ စုန့်ဟွိုင်တို့ဆယ်စတာဗန်ဂြိုဟ်ကိုရောက်သွားသည်။
 
ဆယ်စတာဗန်ဂြိုဟ်က စတားမြို့တော်မှာထက်ပိုအေးတာကြောင့် စုန့်ဟွိုင်ကုတ်အင်္ကျီအထူကြီး၂ထည်လောက်ယူလာသည်။
ဒါပေမယ့် အဲ့ကုတ်အင်္ကျီတွေကခရီးဆောင်သေတ္တာထဲမှာပဲရှိနေသေးကာ ခရီးဆောင်အိတ်ကလည်းစစ်ဆေးရေးဂိတ်မှာပဲရှိသေးသည်။

ရာသီဥတုကလည်းအေးလွန်းတာကြောင့် စုန့်ဟွိုင်တယောက်တုန်ယင်နေသည်။
လီဇီချင်းကဒါကိုမြင်တော့ သူ့ကုတ်အင်္ကျီကိုချွတ်ကာစုန့်ဟွိုင်ကိုခြုံပေးလိုက်သည်။

"ရပါတယ် မင်းလည်းအေးနေမှာပေါ့ ပြန်ယူလိုက်"

လီဇီချင်းက ဆယ်စတာဗန်ဂြိုဟ်ရဲ့ရာသီဥတုကိုသိတာကြောင့် အစကတည်းကကုတ်အင်္ကျီ၀တ်လာသူဖြစ်သည်။
"ရပါတယ် ငါ့ခန္ဓာကိုယ်ကအအေးဒဏ်ခံနိုင်တယ်ရယ်။
မင်းပဲ၀တ်ထားလိုက်ပါ ငါတို့နေမယ့်အဆောင်မှာအပူပေးစက်ရှိတော့ အဆောင်ရောက်မှ ငါ့ကိုအင်္ကျီပြန်ပေးပေါ့"
 
လီဇီချင်းက စုန့်ဟွိုင်ထက်ပိုကြံ့ခိုင်တယ်ဆိုတာသေချာပါသည်။
စုန့်ဟွိုင်က သူ့ထက်ခေါင်းတ၀က်လောက်မြင့်နေတဲ့လီဇီချင်းကိုကြည့်ကာ တွေးမိနေတာကတော့ လောကကြီးက မတရားဘူးဆိုတာပင်။
လုမျန်၊လုချန်းဇယ်နဲ့လီဇီချင်းတို့က သူ့ထက်အများကြီးပိုသာနေသည်လေ။
လုချန်းဇယ်ရဲ့မျက်လုံးတွေက စုန့်ဟွိုင်အခြားတယောက်ရဲ့ကုတ်အင်္ကျီ၀တ်ထားတာကိုတွေ့တော့ မှုန်မှိုင်းသွားသည်။
 
ဒီတခေါက်ဆယ်စတာဗန်ဂြိုဟ်တွင် ထရိန်နင်လာဆင်းတဲ့သူတွေထဲမှာ နေရာပေါင်းစုံမှကောလိပ်တွေ တက္ကသိုလ်တွေပါ၀င်သည်။
စတားဂြိုဟ်မှကောလိပ်၆ခုလောက်ကလည်း ပြိုင်ပွဲမှာပါ၀င်တာကြောင့် ထိုကောလိပ်မှကျောင်းသားတွေလည်း ထရိန်နင်လာဆင်းကြသည်။
ထို့ကြောင့် သူတို့နေရမယ့်အဆောင်၁ခုစီမှာ ကျောင်းသားတိုင်းတယောက်၁ခန်းနေရာရဖို့မသေချာပေ။
 
တန်းတူမျှတစေဖို့အတွက် ကျောင်းတွေကမဲနှိုက်ပြီး မဲကျတဲ့ကျောင်းရဲ့ကျောင်းသား၂ယောက်ကို အခန်း၁ခန်းထဲအတူသုံးရန်စီစဥ်ပေးထားကြသည်။
ကျောင်း၁ခုမှာ ပြိုင်ပွဲ၀င်၃ယောက်ပါတဲ့အတွက်အဲ့ထဲက၂ယောက်သာလျှင် အခန်းအတူကျမှာဖြစ်ပြီးကျန်၁ယောက်ကတော့ သီးသန့်၁ခန်းရမည်ဖြစ်သည်။
တိုက်ဆိုင်မှုလားမသိပေမယ့် သူတို့အဆောင်တွင်ဟန်ရိကောလိပ်ကမဲပေါက်ခဲ့သည်။
 
အဆောင်တိုင်းမှာ ကျောင်းသားတွေကိုနေရာချထားပေးပြီးနောက် ကြီးကြပ်သူတယောက်ကမှာစရာရှိတာတွေမှာသည်။
ဟန်ရိကောလိပ်ရဲ့ဦးဆောင်သူအနေနဲ့ လိုက်ပါလာတဲ့မစ္စတာကျန်းက
"မင်းတို့၃ယောက် ဘယ်လိုနေမလဲဆိုတာတိုင်ပင်ကြ"
 
ရေသူဆိုတဲ့လျှို့၀ှက်ချက်ကြီးကြောင့် စုန့်ဟွိုင်ကအခြားသူတွေနဲ့အတူနေဖို့အဆင်မပြေပေ။
ပြီးတော့ သူသိထားတဲ့မူလဇာတ်ကြောင်းအရဆိုရင် အခုချိန်ကဇာတ်လိုက်Gongနဲ့ဇာတ်လိုက်Shouတို့ကြားပိုမိုရင်းနှီးစေမယ့်ဇာတ်ကွက်ဖြစ်နေသည်။
စုန့်ဟွိုင်ဇာတ်ကြောင်းကိုပြန်စဥ်းစားနေတဲ့အချိန် လုချန်းဇယ်နဲ့လီဇီချင်းကတော့ ထသတ်ကြတော့မလိုဖြစ်နေသည်။
 
လီဇီချင်းက စုန့်ဟွိုင်လက်မောင်းကိုဆွဲလိုက်ပြီး
"အားဟွိုင် ငါနဲ့ တစ်ခန်းထဲအတူတူနေကြရအောင်လေ"
ထိုစကားကိုကြားတော့ လုချန်းဇယ်ရဲ့မျက်နှာကမဲမှောင်သွားသည်။
သူကစုန့်ဟွိုင်ဆီကိုလျှောက်လာပြီး ခါးအနဲငယ်ညွှတ်ကာ အရင်လိုကြင်နာသိမ်မွေ့တဲ့လေသံနဲ့
"တုတု အကိုချန်းဇယ်နဲ့တစ်ခန်းထဲ အတူမနေချင်ဘူးလား"
 
စုန့်ဟွိုင်-??????
 
လီဇီချင်းကနှာခေါင်းရှုံ့လိုက်ပြီး လုချန်းဇယ်ကိုရန်စတဲ့အကြည့်နဲ့ကြည့်ကာ
"ကျွန်တော်က အတန်းထဲမှာအားဟွိုင်နဲ့အတူထိုင်တဲ့အတန်းဖော်...အရမ်းလည်းရင်းနှီးကြတာ...အာ့​ကြောင့် တခန်းတည်းအတူနေတာပိုအဆင်ပြေတယ်မလား ဆရာကျန်း"
လီဇီချင်းက 'အရမ်းရင်းနှီးကြတာ' ဆိုတဲ့စကားကို ပိုမိုဖိပြောလိုက်သည်။
 
ဆရာကျန်း-"အင်း ကျောင်းသားလီပြောတာမှန်တယ်၊စုန့်ဟွိုင် မင်းရောဘယ်လိုသဘောရ..."
ဆရာကျန်းစကားတောင်မဆုံးသေးခင် လုချန်းဇယ်ကဖြတ်ပြောလိုက်သည်။
 
လုချန်းဇယ်က တဖက်လှည့်ကာမဲ့ပြုံးပြုံးလိုက်ပေမယ့်လီဇီချင်းကိုတော့ ဖော်ရွေတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး
"တုတုနဲ့ငါက ငယ်ငယ်ကတည်းကနေ အခုထိအတူတူကြီးပြင်းလာခဲ့ကြတာ...တုတုကအရုပ်လေးတွေပါတဲ့ည၀တ်အင်္ကျီတွေ၀တ်ရတာကြိုက်သလို သွားတိုက်ရင်လည်းရေနွေးနဲ့ပဲတိုက်တာ...တခါတလေအိပ်တဲ့အချိန်ဆိုရင် အရုပ်လေးတွေပိုက်အိပ်တတ်သေးတာ...သူ့အိမ်မှာရှိတဲ့အရုပ်တွေအကုန် ငါအလွတ်ရတယ်...ဆိုတော့ကာ တုတု အကိုနဲ့အတူတခန်းတည်းနေချင်လားဟင်"
 
လုချန်းဇယ်ရဲ့စကားတွေကိုကြားတော့ ဆရာကျန်းလည်းဘယ်လိုဆုံးဖြတ်ပေးရမှန်းမသိဖြစ်သွားသည်။
သူသိရသလောက်ဆိုရင် စုန့်ဟွိုင်ရယ် လီဇီချင်းရယ် လုချန်းဇယ်ရယ်ကရင်းနှီးကြတယ်ဆိုပါတော့...
အခုသူတို့၂ယောက်လုံးက စုန့်ဟွိုင်နဲ့အတူနေချင်ကြတာဆိုတော့ စုန့်ဟွိုင်ကိုပဲဆုံးဖြတ်ခိုင်းလိုက်တော့မယ်...

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now