Chapter-{31}

11.8K 2.3K 186
                                    

Unicode

ဗိုလ်ချုပ်ကြီးက ကျွန်တော့်ချစ်သူမဟုတ်လားဟင်

တကယ်တော့ စုန့်ဟွိုင်ကလုမျန်ဆီမှထိုစကားကိုကြားရလိမ့်မယ်လို့ မမျှော်လင့်ထားပေ။
သူ့လက်ချောင်းလေးတွေကိုဆုပ်လိုက်ပြီး ရှက်ရွံ့စွာနဲ့
"အာ့ဆို ဘာလို့တကူးတကလာကြိုတာလဲဟင်"
ထိုစကားဆုံးတော့ ၂ယောက်သားတိတ်ဆိတ်သွားသည်။

စုန့်ဟွိုင်နဲ့လုမျန်တို့အကြည့်ချင်းဆုံသွားတော့ ၂ယောက်သားရင်တုန်ပန်းတုန်ဖြစ်သွားသည်။
ထို့နောက်၂ယောက်သားနေရခက်စွာနဲ့ တိတ်ဆိတ်နေဆဲ။
ထိုအချိန်တွင် အတွင်းရေးမှူးက မော်နီတာကိုကြည့်ကာအထိတ်တလန့်နဲ့
"ဗိုလ်ချုပ်ကြီး မနက်ဖြန်ဆယ်စတာဗန်ဂြိုဟ်ကနေ့ဘက် အပူချိန် ၁၀ကနေ၁၆ ဒီဂရီဆဲစီးယပ်စ်ရှိမယ်တဲ့၊ပြီးရင် ညဘက်ကျတော့ ၃ကနေ၆ ဒီဂရီဆဲစီးယပ်စ်ထိရှိမှာ၊တောင်ဘက်လေတိုက်နှုန်းကလည်း အဆင့်၃နဲ့၄ကြားရှိတယ်"

စုန့်ဟွိုင်က အတွင်းရေးမှူးအား သံသယ၀င်တဲ့အကြည့်နဲ့ကြည့်လိုက်သည်။
အတွင်းရေးမှူးက
"ဟို ဗိုလ်ချုပ်ကတော်ဆယ်စတာဗန်ဂြိုဟ်ကိုသွားတဲ့နေ့ကတည်းက ဗိုလ်ချုပ်ကြီးကကျွန်တော့်ကို ဆယ်စတာဗန်ဂြိုဟ်ရဲ့ နေ့စဥ်ရာသီဥတုအပူချိန်တွေကိုစောင့်ကြည့်ခိုင်းထားတာပါ...ဒီဟာတွေကို ကျွန်တော်နေ့တိုင်းဗိုလ်ချုပ်ကြီးဆီ အစီရင်ခံရတာပါ"

စုန့်ဟွိုင် အတွင်းရေးမှူးလက်ထဲမှဆက်သွယ်ရေးကိရိယာကိုယူကြည့်လိုက်တော့ ဆယ်စတာဗန်ဂြိုဟ်ရဲ့နေ့စဥ်အပူချိန် ရာသီဥတုတွေအကြောင်းအား စခရင်ရှော့ရိုက်ထားတဲ့ပုံများစွာကိုတွေ့လိုက်ရသည်။
လုမျန်ကချောင်း၂ကြိမ်လောက်ဟန့်ရင်း အတွင်းရေးမှူးအား အေးစက်စက်အကြည့်နဲ့ပါးစပ်ပိတ်ထားဖို့အရိပ်အယောင်ပြလိုက်သည်။
အတွင်းရေးမှူးကိုယ်လေးတုန်ယင်သွားပြီး နာခံစွာနဲ့ငြိမ်နေလိုက်သည်။

စုန့်ဟွိုင်ရဲ့မျက်နှာလေးကနီရဲသွားပြီး မျက်လုံး၀ိုင်း၀ိုင်းကြီးက လုမျန်ကိုကြည့်နေမိသည်။
ထို့နောက် စုန့်ဟွိုင်ကသူ့ရဲ့ရှက်သွေးဖြာနေတဲ့မျက်နှာလေးကို လုမျန်ပေးထားတဲ့ယုန်ရုပ်လေးဆီမှာဖွက်ထားလိုက်တော့သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now