Chapter-{27.2}

11.6K 2.2K 329
                                    

Unicode

အိပ်ချင်ယောင်ဆောင်ပြီး အနမ်းခံဖို့စောင့်နေတဲ့ဗိုလ်ချုပ်ကြီး

စုန့်ဟွိုင်နိုးလာတော့ သူအူကြောင်ကြောင်မျက်လုံးလေးတွေနဲ့ အိပ်ရာပေါ်မှထထိုင်လိုက်သည်။
သူတခုခုကိုယူဖို့လုပ်လိုက်ပေမယ့် မနေ့ကယုန်ရုပ်လေးမယူလာမိကြောင်း သတိရသွားသည်။
ထို့ကြောင့် သူ့မျက်လုံးတွေကိုလက်နဲ့ပွတ်သပ်နေတုန်း လုမျန်ကသူ့ကိုကျောပေးကာအင်္ကျီကြယ်သီးတပ်နေတာကို မြင်လိုက်ရသည်။
ထို့နောက် သူ့ဘက်ကိုလှည့်လာကာ မနေ့ညကလေအေးတွေမိထားတာကြောင့် ချောင်းအနဲငယ်ဆိုးလိုက်ပြီး အက်ရှတဲ့အသံနဲ့
"နိုးပြီလား"

လုမျန်ရဲ့အက်ရှရှအသံကြောင့် စုန့်ဟွိုင်မနေ့ညကလုပ်ရပ်တွေကို ပြန်သတိရလာသည်။
သူ့အကြည့်က လုမျန်ရဲ့နဖူးရယ် နှာခေါင်းရယ် နှုတ်ခမ်းရယ်ဆီကိုရောက်သွားသည်။
ထို့နောက် ရှက်သွေးပြေပြေလေး သူ့ပါးပြင်ပေါ်ဖြတ်ပြေးသွားသည်။
လုမျန်ကလည်း တစုံတခုကိုစဥ်းစားမိပြီး နေရခက်ကာအကြည့်လွှဲသွားသည်။

မနက်စာစားနေချိန်တွင် လုမျန်ဒီနေ့တခုခုထူးခြားနေတာကို စုန့်ဟွိုင်ခံစားမိလိုက်သည်။
လုမျန်က အသားဖြူတဲ့သူဖြစ်ပြီးသူ့ရဲ့အေးစက်စက်မျက်နှာထားနဲ့သာပေါင်းလိုက်ရင် လုံး၀ရေခဲရုပ်ထုကြီးလိုအေးစက်နေသူဖြစ်သည်။
ဒါပေမယ့် ဒီနေ့တော့ထူးထူးဆန်းဆန်းလုမျန်မျက်နှာမှာ ရှက်သွေးဖြာနေသလို...

"အဟွတ် အဟွတ်"
လုမျန်၂ကြိမ်လောက်ချောင်းဆိုးလိုက်ရာ စုန့်ဟွိုင်က
"ခင်ဗျားအအေးမိနေတာလားဟင်"
လုမျန်အားအပူချိန်တိုင်းလိုက်ပြီးနောက် လုမျန်ကတကယ်ပဲအအေးမိကာ ဖျားနေကြောင်းသိလိုက်ရသည်။
ဒါပေမယ့်လုမျန်ရဲ့ကြံ့ခိုင်မှုကြောင့် ထိုအဖျားကသိပ်ပြင်းပြင်းထန်ထန်မဟုတ်ပေ။

စုန့်ဟွိုင်က ကားထဲရောက်နေပြီဖြစ်ပေမယ့်လုမျန်ကိုမစိုးရိမ်ဘဲ မနေနိုင်ပေ။
သူထရိန်နင်သွားရဖို့နီးခါမှ လုမျန်ကနေမကောင်းဖြစ်နေတော့ သူစိတ်မကောင်းဖြစ်မိသည်။
အရင်နေ့တွေလိုပဲ စုန့်ဟွိုင်ကပြတင်းပေါက်နားမှာကပ်ထိုင်နေကာ ဒီနေ့မှလမ်းပေါ်မှာလည်းလမ်းသွားလမ်းလာအနဲငယ်သာရှိလေသည်။
စုန့်ဟွိုင်က ချက်ချင်းမသွားသေးဘဲ ကားတံခါးလက်ကိုင်ကိုဆက်ကိုင်ထားပြီး တွန့်ဆုတ်နေတဲ့လေသံနဲ့
"ကျွန်တော်ဒီနေ့ဆယ်စတာဗန်ဂြိုဟ်ကိုသွားရတော့မှာဆိုတော့ ညနေကျောင်းဆင်းရင် မစောင့်နဲ့တော့နော်"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now