Chapter-{28.3}

10.7K 2K 68
                                    

Unicode

ဗိုလ်ချုပ်ကြီးနဲ့ ဗီဒီယိုကောလ်ပြောကြမယ်

စုန့်ဟွိုင်နဲ့ လီဇီချင်းအထင် လုချန်းဇယ်ကစိတ်ကြီး၀င်တဲ့သူဆိုတော့ စုန့်ဟွိုင်ဆီမှခုလိုဒဲ့ဒိုးအပြောခံလိုက်ရလို့ သူတို့နားမကပ်လောက်တော့ဘူးပေါ့...
ဒါပေမယ့် သူတို့ လုချန်းဇယ်ရဲ့မျက်နှာပြောင်တိုက်မှုကို လျှော့တွက်မိလိုက်တယ်ထင်ပါတယ်။
အမှန်က လုချန်းဇယ်ရဲ့စိတ်ကိုနားမလည်တော့ဘူးလို့ဆိုရမယ်...

လုချန်းဇယ်က သူ့ရဲ့ပန်းကန်ကိုကိုင်ပြီး သူတို့ထိုင်နေတဲ့နေရာဆီလာကာ
"အကို ဒီမှာထိုင်လို့ရလား"
လီဇီချင်းက ချက်ချင်းပဲ
"မရဘူး"
 
လုချန်းဇယ်ကအံကြိတ်လိုက်ပြီး
"မင်းကိုမေးနေတာမဟုတ်ဘူး...တုတု အကိုဒီမှာထိုင်လို့ရလား...ငယ်ငယ်ကဆို ညစာစားတိုင်းတုတုက အကိုနဲ့ပဲအတူထိုင်စားချင်တယ်ဆိုပြီးပြောနေကျ မဟုတ်လား"
 
"ဘယ်ကလာ မဟုတ်ပါဘူး"
စုန့်ဟွိုင်ကလည်း ဗြောင်ငြင်းရှာသည်။
ဇာတ်လိုက် shouက ဇာတ်လိုက်gongကိုခါးခါးသီးသီးဖြစ်နေတာလေ...သူ့လိုအမြှောက်စာဇာတ်ကောင်လေးက ဘယ်လိုလုပ်ထောက်ခံရဲမှာတုန်း...

ဒါပေမယ့် လုချန်းဇယ်ရဲ့မျက်နှာပြောင်တိုက်မှုက စုန့်ဟွိုင်တွေးထားတာထက်ကို လယ်ဗယ်ပိုမြင့်နေသည်။
လုချန်းဇယ်က စုန့်ဟွိုင်ဘေးမှာခပ်တည်တည်ပဲ ၀င်ထိုင်လိုက်ပြီး
"အကိုသိပါတယ်၊တုတုက အကိုနဲ့အတူထိုင်ချင်နေတယ်ဆိုတာ သိပါတယ်ကွာ"
 
စုန့်ဟွိုင်-  ತ_ʖತ
 
အစက လီဇီချင်းမှာ စုန့်ဟွိုင်နဲ့အတူညစာစားပြီးရင် ထရိန်နင်ဆင်းရမယ့်နေရာ၀န်းကျင်ကိုလေ့လာဖို့ လမ်းလျှောက်ထွက်ကြမယ်ပေါ့။
ဒါပေမယ့် အခုလုချန်းဇယ်ကလာရောနေတော့ လီဇီချင်းကလည်း စုန့်ဟွိုင်ကိုလုချန်းဇယ်နဲ့ဆက်လက်မတွေ့စေချင်တော့တာကြောင့် သူတို့ညစာစားပြီးအဆောင်ခန်းကိုသာပြန်ခဲ့လိုက်သည်။

လီဇီချင်းက စုန့်ဟွိုင်နေတဲ့အခန်းဆီသွားကာ စကားစမြည်ပြောချင်ပေမယ့်လည်း လုချန်းဇယ်က လီဇီချင်းစုန့်ဟွိုင်အခန်းဆီသွားရင် သူလည်းလိုက်လာမယ့်ပုံပေါ်နေသည်။
စုန့်ဟွိုင်က သူနေတဲ့အခန်းဆီပြန်ရောက်တာနဲ့ လီဇီချင်းကိုနှုတ်ဆက်လိုက်သည်
"မနက်မှတွေ့ကြမယ်နော်"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now