Chapter-{26.1}

11.5K 2.2K 107
                                    

Unicode

အရမ်းအိပ်လို့ကောင်းတာပဲ

ကျောင်းဖိုရမ်မှ လုမျန်ကိုမေးခွန်းထုတ်ထားတဲ့ပို့စ်ဖျက်ချခံရပြီးနောက် ကျောင်းမှတရား၀င်ကြေညာချက်ထုတ်ပြန်လိုက်သည်။
ကြေညာချက်ကတော့ လုမျန်သင်ပေးတဲ့ဘာသာရပ်ကကျောင်းသင်ရိုးညွှန်းတမ်းမှာမပါရှိသလို စာမေးပွဲမေးခွန်းထုတ်ရာမှာလည်းလုမျန်မပါ၀င်ဘူးဆိုတာပါပဲ။

ထိုကြေညာချက်ကိုကျောင်းဖိုရမ်ရဲ့ထိပ်ဆုံးစာရင်းတွင်တင်ထားပြီး ၃ရက်အကြာမှာပြန်ဖြုတ်ချခဲ့သည်။
အရင်နေ့ကပို့စ်တွေမှသံသယတွေကိုအဖြေတခုပေးလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။
ထိုနေ့က လုမျန်ကိုသံသယ၀င်နေတဲ့ပို့စ်များသာမက မှော်ဆရာနဲ့ရေသူလေးတို့ကိုshipထားတဲ့ပို့စ်တွေလည်းပလူပျံနေသည်။
ထိုCPဖန်တွေက သူတို့တည်ရှိမှုကိုပြရန်ပို့စ်တွေအလုအယက်တင်လာကြသည်။

[ငါshipတဲ့၁၀တွဲမြောက်အတွဲလေး-အိုး ကြေညာချက်ကိုမြန်မြန်ကြီးထုတ်လာတာပဲ၊ငါ့စုံတွဲပို့စ်လေးတော့ဖျက်ချမခံရပါစေနဲ့]

[ဖေးရီရိယောင်း-ဟားဟား အပေါ်ထပ်ကတယောက်ရေ...အခြားလူတွေရဲ့အာရုံစိုက်တာခံရဖို့မေးနေလိုက်...တဖက်လူအမှတ်များများရဖို့မေးခွန်းထုတ်ပေးရတာနဲ့ တဖက်လူအနိုင်ကျင့်ခံရတာကိုဖြေရှင်းပေးလိုက်နဲ့..မင်းတို့အတွဲဖန်တွေတတ်လည်းတတ်နိုင်တယ်နော်]

[ကြက်မမကြီး-အပေါ်ကတယောက်ရေ ဘယ်ကလာအတွဲဖန်ဖြစ်ရမှာလဲ။
အဲ့တာ စုန့်ဟွိုင်ရဲ့ဖန်ပဲဖြစ်မှာပေါ့၊အချိန်ကအရာရာ​ကိုမေ့သွားနိုင်စေတယ်နော်။
စုန့်ဟွိုင်အရင်ကလုချန်းဇယ်နောက်တကောက်ကောက်လိုက်ခဲ့တာကို မေ့သွားကြပြီပေါ့]

စုန့်ဟွိုင်ကတော့ အပေါ်ဆုံးကမန့်တွေကြောင့်ကြိတ်ပြီးရှက်သွေးဖြာနေသည်။
သူအရင်က ဒီကိစ္စကိုမတွေးမိပေမယ့်အခုလိုလူပြောများလာတော့ မတွေးဘဲမနေနိုင်တော့ပေ။
ဒါပေမယ့်ဖြစ်နိုင်ခြေအရှိဆုံး အနီးစပ်ဆုံးစဥ်းစားမိတဲ့အဖြေကတော့ တိုက်ဆိုင်သွားလို့နေမှာပါဆိုတာပင်။
ထိုနေ့အိမ်ပြန်ရောက်တော့ စုန့်ဟွိုင်တယောက်မနေနိုင်တော့ဘဲ လုမျန်အား
"ဟိုလေ စက်မှုဘာသာရပ်ကမေးခွန်းတော်တော်များများ ခင်ဗျားအတန်းထဲမှာမေးလိုက်တဲ့မေးခွန်းတွေပဲနော်"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now