Chapter-{40}

11.8K 2.1K 168
                                    

Unicode

ချစ်ကြည်နူး တစ်တီတူးမြင်ကွင်း

လုချန်းဇယ်ကအိမ်ပြန်ရောက်တဲ့အထိ စုန့်ဟွိုင်ပြောတာတွေကိုပြန်ပြန်တွေးလေ ပိုပြီးလက်မခံနိုင်လေဖြစ်နေသည်။
လုမျန် ဖူကျောင်းကြယ်ဂြိုဟ်ဆီမှပြန်လာပြီးကတည်းက လုချန်းဇယ်ကအိမ်တောင်မကပ်ဖြစ်ပေ။
အကြောင်းကတော့ ကျောင်းမှာသုတေသနပရောဂျက်ကိုအသဲအသန်ပြီးစီးအောင်လုပ်နေရ၍ဖြစ်သည်။

လုမိသားစုရဲ့အစေခံက လုချန်းဇယ်အခန်းကိုသန့်ရှင်းရေးလုပ်ပြီးထွက်လာလို့လုချန်းဇယ်ကိုမြင်တာနဲ့ အံ့သြသွားပြီး
"သခင်လေး ပြန်လာပြီလား"
လုချန်းဇယ်ကခေါင်းငြိမ့်လိုက်ပြီး အစေခံရဲ့လက်ထဲမှညှိုးနွမ်းခြောက်သွေ့နေတဲ့ပန်းတွေကိုမြင်လိုက်သည်။

လုချန်းဇယ်ရဲ့အကြည့်ကိုသတိထားမိသွားတဲ့အစေခံက
"အဲ့ဒါ သခင်လေးမွေးနေ့တုန်းကသခင်လေးစုန့်ပေးထားတဲ့ ပန်းတွေပါ...အခုတော့ညှိုးနေပြီမို့လွင့်ပစ်မလို့ပါ"
လုချန်းဇယ်က အရှေ့ကိုအနဲငယ်လျှောက်သွားပြီးတော့မှ ရပ်တန့်လိုက်ပြီး
"ဒီတိုင်းပဲထားလိုက်"

"ဒါပေမယ့် ပန်းတွေကညှိုးနေပြီလေ"
လုချန်းဇယ်က ရပ်နေဆဲဖြစ်တာကြောင့် အစေခံလည်းညှိုးနွမ်းနေတဲ့ပန်းတွေကို ပန်းအိုးထဲပြန်ထည့်လိုက်ပြီးလုချန်းဇယ်အခန်းထဲမှာပြန်ထည့်လိုက်သည်။
လုချန်းဇယ်က သူ့အခန်းထဲ၀င်ပြီးအိပ်ရာပေါ်မှာစက္ကန့်အနဲငယ်လောက်လဲလျောင်းနေတုန်း ရုတ်တရက် သူ့ရဲ့ဆက်သွယ်ရေးကိရိယာကိုစာ၀င်လာသည်။
လုချန်းဇယ်ကနှာခေါင်းရှုံ့ရင်းတွေးလိုက်သည်...
လူပုံအလယ်မှာပြောချင်သလိုပြောပြီးမှ အခုမှားမှန်းသိပြီးငါ့ကိုလာတောင်းပန်တာထင်တယ်...

လုချန်းဇယ်က စာကိုချက်ချင်းမကြည့်သေးဘဲစုန့်ဟွိုင်ကိုအပြစ်ပေးတဲ့အနေနဲ့ မိနစ်အနဲငယ်လောက်ကြာမှ ဖုန်းကိုကိုင်လိုက်သည်။
ဒါပေမယ့် စုန့်ဟွိုင်ဆီမှပို့တဲ့စာမဟုတ်ဘဲ သူတို့အတန်းဂရုမှပို့နေကြတဲ့စာတွေဖြစ်သည်။
လုချန်းဇယ်ကလည်း အတန်းထဲမှသူတွေပို့နေကြတဲ့စာကိုသိချင်၍ ၀င်ဖတ်လိုက်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Donde viven las historias. Descúbrelo ahora