Chapter-{4}

13.1K 2.6K 176
                                    

Unicode

အကြံကြီးတဲ့ ကြာပန်းဖြူရေသူထီးလေး


စုန့်ဟွိုင်ကခဏလောက်မှင်သက်သွားသည်။
သူခုနကချောင်းကြည့်တာမိသွားတော့ သူဘယ်လောက်ပဲမျက်နှာအရေထူတယ်ပြောပြော ရှက်သွားသည်။
စုန့်ဟွိုင်ကဘာမှမသိသလို အကြည့်လွှဲမလို့လုပ်ပေမယ့် ထိုခြေတံရှည်ရှည် ခန့်ခန့်ညားညားလူက သူ့ဆီလျှောက်လာနေသည်။

စုန့်ဟွိုင်ရဲ့နှလုံးသားလေးမှာ မြင်း၁ကောင်ဒုန်းစိုင်းနေသလို တဒုတ်ဒုတ်နဲ့ နှလုံးရီးတခုလုံးသူ့ပါးစပ်ထဲကထွက်လာတော့မယ်လို့တောင် ခံစားနေရသည်။
ထိုလူသူ့နားရောက်တော့မယ့်အချိန်လေးမှာပဲ စုန့်ဟွိုင်ကအကြံတခုပေါ်လာသည်။

စုန့်ဟွိုင်အကြည့်တွေက တနေရာတည်းကိုစိုက်ကြည့်နေပေမယ့် အကြည့်တွေကမငြိမ်ဘူး။
သူထိုလူကိုမကြည့်သလိုလို ထိုလူသူ့နားလာတာမသိသလိုလိုမျိုးပေါ့။
ထိုလူသူ့နားရောက်လာတဲ့အချိန် စုန့်ဟွိုင်ကသူ့ရဲ့လက်ကိုဆန့်လိုက်ပီး မျက်မမြင်တယောက်စမ်းတ၀ါး၀ါးလုပ်နေသကဲ့သို့ ပြုလုပ်လိုက်လေသည်။
စုန့်ဟွိုင်ကရှေ့ကိုတောင် ခြေ၂လှမ်းတိုးလိုက်ပီးစမ်းနေပုံက တဖက်လူကိုသူကန်းနေကြောင်းပြလိုက်သလို။

အကန်းတယောက်ကို ဘယ်သူကအဖက်လုပ်မှာလဲ...

စုန့်ဟွိုင်ကအကြံကောင်းလှတဲ့ သူ့ဦးနှောက်လေးသူချီးကျူးလို့မဆုံးခင် ထိုလူမှာသူ့အဖေဆီလျှောက်သွားပီး ပါပါးစုန့်ကိုနှုတ်ဆက်လိုက်လေသည်။
"ဟဲလို"
လုချီ၀င်က ခပ်သုတ်သုတ်မိတ်ဆက်ပေးလေသည်
"စုန့်ရီ ဒါငါ့သားလုမျန်လေ"

လုမျန်ဆိုတဲ့စကားလုံးကိုလည်းကြားလိုက်ရော စုန့်ဟွိုင်မှာရှက်လွန်း၍တွင်းတူးပီးသာ ပုန်းနေလိုက်ချင်သည်။
ပါပါးစုန့်မှာတော့ လုမျန်ရဲ့အသွင်အပြင်ကို အခေါက်ခေါက်အခါခါကြည့်ပီး အံ့သြနေလေရဲ့။
လုချန်းဇယ်ကို ကြည့်ကောင်းလှပီထင်နေတာ ဦးလေးဖြစ်သူက ဒီထက်ဆပေါင်းများစွာခန့်ညားနေတာကို မထင်ထားမိဘူး။
ပါပါးစုန့်ကကျေနပ်နေတဲ့လေသံနဲ့အော်လိုက်သည်
"စုန့်ဟွိုင် သားဘာလုပ်နေတာလဲ"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Wo Geschichten leben. Entdecke jetzt