Chapter-{32}

11.1K 2.1K 206
                                    

Unicode

ဗိုလ်ချုပ်ကြီးရဲ့အမူအရာအသေးစိတ်

"ထူးဆန်းတယ်နော့်၊ဗိုလ်ချုပ်ကြီးလုဒီနေ့စိတ်ပျော်နေသလိုပဲ"
စက်မှုဘာသာရပ်အတန်းမစခင်မှာ ကုရန်ကပေါက်ပေါက်ဖောက်နေသည်။
ဒီမနက်စုန့်ဟွိုင်ကျောင်းကိုရောက်ကတည်းက ကုရန်သူ့ကိုဆွဲကာ စကားတွေမနားတမ်းဇွတ်ပြောနေသည်။

နောက်ဆုံးတစ်ခေါက် သူဘုရားမှာဆုတောင်းခဲ့လို့လုမျန်သူ့ကိုလွတ်ပေးထားချိန်မှစပြီး ကုရန်ဟာဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်လာသည်။
ဗုဒ္ဓပုတီးစေ့များကိုသူ့လက်ကောက်၀တ်မှာ၀တ်ထားရုံသာမက နေ့တိုင်းလည်းဘုရား၀တ်ပြုသည်။
မကြာခင်မှာ အနာဂတ်ကိုကြိုမြင်နိုင်မယ့်အစွမ်းရလာတော့မယ်ဆိုပြီးလည်းယုံကြည်နေသည်။

လုမျန်က ကျောင်းတက်ခေါင်းလောင်းထိုးမှ အတန်းထဲ၀င်လေ့ရှိပေမယ့် ဒီနေ့တော့ကျောင်းတက်ခေါင်းလောင်းမထိုးခင် အတန်းထဲရောက်လာသည်။
စုန့်ဟွိုင်က စင်မြင့်ပေါ်မှခန့်ညားလှတဲ့သူကိုကြည့်လိုက်သည်။
အမှန်ပြောရရင် သူလုမျန်ကိုသိပ်နားမလည်သေးဘူးလို့ဆိုရမယ်။
အခုတောင်မျက်နှာသေနဲ့လုမျန်ရဲ့ခံစားချက်တွေကို ခန့်မှန်းမရပေ။

စုန့်ဟွိုင်က ကုရန်ကိုကြည့်ကာ
"ဘာလို့တုန်း"
ကုရန်ကသက်ပြင်းချလိုက်ပြီး
"မင်းမသိသေးဘူးမလား...ကျောင်းဖိုရမ်ပေါ်မှာ ဗိုလ်ချုပ်ကြီးရဲ့အမူအရာအသေးစိတ်ကိုခွဲခြမ်းစိတ်ဖြာထားတဲ့ပို့စ်ရှိတယ်ဟ...ဗိုလ်ချုပ်ကြီးရဲ့မျက်နှာသေကြီးကိုအသာထား...သူ့အမူအရာတွေဖတ်လို့ရတဲ့နည်းရှိတယ်...သူ့ရဲ့နှုတ်ခမ်းတွေတင်းတင်းစေ့ပြီး မျဥ်းဖြောင့်လိုဖြစ်နေရင် ဒါ သူစိတ်မကြည်တာပဲ...အခုကြည့်လိုက် သေချာကြည့် တွေ့လား တွေ့လား...နှုတ်ခမ်းစွန်းလေးတွေမသိမသာအပေါ်ကိုကော့တက်နေတယ်...အဲ့ဒါက သူစိတ်ပျော်နေတယ် ဒါပေမယ့်ပျော်နေပုံမပေါက်အောင်ချုပ်တည်းထားတယ်...ဒါပဲ နားလည်လား"

စုန့်ဟွိုင်အစက နားမလည်ပေမယ့်ကုရန်သေချာရှင်းပြနေတာကိုနားထောင်လိုက်တော့ ရုတ်တရက်အတွေးပေါက်သွားသည်။
ဆိုလိုချင်တာက လုမျန်ကအပြင်ပန်းမှာတည်ငြိမ်နေပေမယ့် စိတ်ထဲမှာတော့သူ့လိုပဲခံစားနေရတာပေါ့...
စုန့်ဟွိုင် လုမျန်ကိုကြည့်လိုက်ကာသူတို့၂ယောက်အကြည့်ချင်းဆုံသွားတော့ ရှက်ပြီးခေါင်းပြန်ငုံ့လိုက်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Tempat cerita menjadi hidup. Temukan sekarang