Chapter-{20}

13K 2.3K 79
                                    

Unicode

သူကဘာလို့အဲ့လောက်တော်နေရတာလဲ
 
စုန့်ဟွိုင်က ယုန်ပုံစံအပြာနုရောင်ည၀တ်အင်္ကျီကို၀တ်ထားပြီး ပန်ဒါရုပ်ကြီးကိုပိုက်ကာမျှော်လင့်ချက်တွေရော ဆောက်တည်ရာမရပါဖြစ်နေတဲ့မျက်၀န်းအကြီးကြီးတွေကပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။
တစ်ဖက်လူကဘာမှမတုံ့ပြန်လာတော့ စုန့်ဟွိုင်လေးကသူ့ဒဏ်ရာရထားတဲ့ခြေထောက်ကိုအနဲငယ်လှုပ်လိုက်ပြီး နှုတ်ခမ်းစူကာကိုယ့်သိက္ခာကိုပြန်ဆယ်တဲ့အနေနဲ့
"အိပ်ရာ၀င်အနမ်းလေးမရရင် ကျွန်တော်အိပ်ပျော်မှာမဟုတ်ဘူး"

စုန့်ဟွိုင်ကအင်္ကျီအနားစကိုဆွဲဆုပ်နေပြီး သူ့စိတ်ထဲတွင်တော့ လုမျန်ကဘာလို့ဘာမှပြန်မပြောတာလဲဆိုတာကိုတွေးနေသည်။
သူပြောတာအရမ်းစည်းကျော်သွားလို့များလား...
တစ်ဖက်လူကသူ့ကိုအဖက်မလုပ်တာများလား...

နောက်ဆုံးတော့လုမျန်ရဲ့အာဒံပန်းသီး(လည်စလုတ်)လေးကလှုပ်ရှားလာကာ
"အိပ်ရာ၀င်အနမ်းလား"
စုန့်ဟွိုင်က၀င့်ကြွားတဲ့လေသံနဲ့
"အင်းပေါ့ ကျွန်တော့်ကိိုစိတ်ဆိုးအောင်လုပ်လို့အိပ်ရာ၀င်အနမ်းပေးရမယ်။
ကျွန်တော့်အိမ်မှာတုန်းကဆိုရင်လည်း ၀မ်၀မ်ကအဲ့လိုနမ်းလေ့ရှိတယ်လေ"

လုမျန်ရဲ့အသံကရုတ်တရက်သြရှသွားက
"၀မ်၀မ် ဟုတ်လား"
စုန့်ဟွိုင်က လေးလေးနက်နက်နဲ့ခေါင်းငြိမ့်လိုက်သည်။
လုမျန်ကဘာလို့စိတ်မကြည်သလိုဖြစ်သွားတာပါလိမ့်...

စုန့်ဟွိုင်ကဒေါသထွက်ထွက်နဲ့ တဖက်ကိုလှည့်လိုက်သည်။
သို့ပေမယ့်လုမျန်ရဲ့လက်၀ါးကြီးကြီးထဲမှာ သူ့ကိုယ်လုံးလေးမြှောက်ကာပါသွားရှာသည်။

လုမျန်ကသြရှရှလေသံထဲတွင်အပြစ်တင်လိုဟန်နဲ့
"မင်းခြေထောက်တွေပြန်မကောင်းသေးဘူးလေ၊ဘာလို့ငြိမ်ငြိမ်မနေရတာလဲ"
စုန့်ဟွိုင်ခမျာ အနမ်းလေးတပွင့်လိုချင်ပေမယ့်မရတာကြောင့် ပုန်ကန်ဆိုးသွမ်းချင်မိသည်။
ကောင်လေးကသူပွေ့ထားတဲ့ကြားမှတွန့်ထိုးပီး အောက်သို့ဆင်းသွားတာကြောင့် လုမျန်စိတ်ထဲမှာသက်ပြင်းခိုးချလိုက်သည်။
ထို့နောက်တွင်တော့စုန့်ဟွိုင်ကတံခါးမှအထွက် တံခါး၀တွင်လုမျန်ရဲ့ပိတ်ဆို့ထားခြင်းခံလိုက်ရသည်။
မိုးရွာပီးနောက်ရတဲ့​အနံ့လေးကသူ့ဆီမှပျံ့လွင့်နေသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now